SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော စစ်သည်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

Friday, 12 July 2019 10:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇူလိုင် ၁၁

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော စစ်သည်များ၊ တပ်မတော်သား မိသားစုဝင် သားသမီးများနှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် သားသမီး ကျောင်းသား၊ ကျောင်းသူများအား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြု ချီးမြှင့်ခဲ့သည့် ချီးမြှင့်ငွေများ ထပ်ဆင့်ပေးအပ်ခြင်းနှင့် တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ၂၀၁၈-၂၀၁၉  ပညာသင် နှစ်တွင် တကသိုလ်ဝင် စာမေးပွဲ၌ ၆ ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ ၄ ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ငါးဦး၊ ၂ ဘာသာဂုဏ်ထူး ရှင် ငါးဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၄ ဦးနှင့် စစ်သည် လေးဦး၊ ရိုးရိုးအောင်မြင်သူ  ၇၈ ဦး နှင့် စစ်သည် သုံးဦးတို့အား တိုင်းမှူးနှင့်အဖွဲ့ ၀င်များက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရရှိသည်။                   

Read 29 times Last modified on Friday, 12 July 2019 10:13