SJ WorldNews - шаблон joomla Авто

ကလေးမြို့နယ်၊ သာစည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စစ်ဆေးကုသ

Friday, 12 July 2019 10:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇူလိုင်  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲရှိ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပနယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၂၄ ဦးနှင့် ကျောင်း သား၊ ကျောင်းသူ ၂၅၇ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် မျက်စိရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ကလေး ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက  သွားရောက်ကြည့်ရှု အားပေးပြီး အဆိုပါ ကျေးရွာရှိ ပရဟိတ ဘုန်းတော်ကြီးကျောင်း ဆရာတော် မဟာသဒမ္မ ဇောတိကဓဇ ဘဒကုသလအား ဖူးမြော် ၍ ဆန်၊ ဆီနှင့် လှူဖွယ် ပစည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့ပြင် ဆရာ၊ ဆရာမများနှင့် ဒေသခံ ပြည်သူများအား တပ်ပိုင်နှင့် မိသားစုတစ်ပိုင် တစ်နိုင်    မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိ သည့် ကြက်ဥနှင့် အသားများကို  သက်သာ သောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။                 

...........

Read 21 times Last modified on Friday, 12 July 2019 10:18