SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်းအိမ်ရာ(မန္တလေး) အထည်ချုပ်စက်ရုံဖွင့်ပွဲပြုလုပ်

Thursday, 18 July 2019 08:49 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

စစ်မှုထမ်းဟောင်း မိသားစုဝင်များ၏ အလုပ် အကိုင်နှင့်  အသက်မွေးပညာများ ရရှိစေရေး အတွက် စစ်မှုထမ်းဟောင်း အိမ်ရာ(မနလေး) အထည်ချုပ်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မနလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (မနလေး)ရှိ အဆိုပါစက်ရုံ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး   ဗိုလ်ချုပ် ကျော်စွာလင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစု များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများ တက်ရောက် ကြသည်။

ဦးစွာ  တိုင်းမှူးနှင့် အဖွဲ့ဝင်များက  စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး သည်။ ထို့နောက်  စက်ရုံမှူးက  စက်ရုံနှင့်ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါစစ်မှုထမ်းဟောင်းအိမ်ရာ (မနလေး) အထည်ချုပ်စက်ရုံအား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာတွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဆောက်လုပ်ပြီးစီးကာအဆောက်အအုံအမျိုးအစားမှာ Steel  Structure တစ်ထပ် အမျိုးအစားဖြစ်သည်။ စက်ရုံတွင် ခန့်အပ် ထားသူများသည် တိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့် ဖွင့်လှစ် ခဲ့သော အခြေခံ စက်ချုပ် သင်တန်းများမှ တပ်မတော်သားမိသားစုဝင်များနှင့်    စစ်မှုထမ်းဟောင်း မိသားစုဝင် သင်တန်းသူ များဖြစ်ပြီး စက်ရုံ လည်ပတ်ချိန်တွင်  တပ်မတော်သားများအတွက် အလုပ်တက် ၀တ်စုံများ ထုတ်လုပ် လျက်ရှိကြောင်း သတင်းရရှိသည်။                          

 

Read 26 times Last modified on Thursday, 18 July 2019 09:19