SJ WorldNews - шаблон joomla Авто

ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Thursday, 18 July 2019 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ သပြေတန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရေအိုးစင်ကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာ များရှိ ဒေသခံပြည်သူများ၊ ချမ်းမြေ့သိင်္ဂီသီလရှင် စာသင်တိုက်မှ သာသနာ့အနွယ်ဝင် သီလရှင် ဆရာ လေးများနှင့် သပြေတန်း ကျေးရွာ၊ အခြေခံ ပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား  နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် သပြေတန်းကျေးရွာရှိ အောင်မင်းခေါင် ကမာအေးစေတီ   ဓမာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၈၇ ဦး၊ သီလရှင် ၈၁၁၆ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၃၄၄ ဦး တို့ကို သွားနှင့် ခံတွင်းရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည် ချောင်းရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက်ကုသရန်လိုအပ်သူငါးဦးကို  နေပြည်တော်ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး  လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့သည်  ဒေသခံပြည်သူများအားဇူလိုင် ၁၈ ရက်အထိ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ   ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

..............

Read 24 times Last modified on Thursday, 18 July 2019 09:20