SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

Thursday, 18 July 2019 09:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ လေးမိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးကိုလည်းကောင်း၊ ရေတာရှည်မြို့နယ်၊ ရေနီ မြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး၊ ရွှေကျင် မြို့နယ်၊ ခြေတော်ရာကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦး၊ ပဲခူးမြို့၊ ရပ်ကွက်ကြီး(၁)၊ ရတနာ အောင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦး၊ သနပ်ပင် မြို့နယ်၊ တောင်ဘက်ကမ်းကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၄ ဦး၊  အုတ်တွင်းမြို့နယ်၊ တိမ်ညွန့်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၅ ဦး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၊ မိုးကျောင်ုးန်းတော်ကြီးသင်မူလတန်းလွန်ကျောင်း ရှိ ကျောင်းသား၊ ကျောင်းသူ ၁၅၆ ဦး၊ သဲကုန်း မြို့နယ်၊ ၀က်ပုတ်ကျေးရွာ၊  အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၁၄ ဦးနှင့် ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း သား၊ ကျောင်းသူ ၁၇၀  ဦးတို့ကို  ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊    နယ်လှည့် ဆေးကုသရေးအဖွဲ့များက အဆိုပါကျောင်း များ၌  ကျန်းမာရေးစစ်ဆေးကုသခြင်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့များက ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၈၉၉ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်းနှင့် မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊  အထွေထွေရောဂါတို့ နှင့်ပတ်သက်၍   လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါအကြောင်း ကျန်းမာ ရေးအသိပညာပေးဟောပြောဆွေးနွေးခြင်း များ ဆောင်ရွက် ပေးသည်။ ထို့ပြင် တပ်နယ် အသီးသီးမှ တပ်မတော်သားများက စာသင် ကျောင်းများ   သန့်ရှင်းသာယာ လှပစေရေး ပေါင်းမြက်များနှင့် အမှိုက်များရှင်းလင်းပေး ခြင်း၊ စာသင်ခုံများ ပြန်လည်ပြုပြင်ပေးခြင်း များ ဆောင်ရွက် ပေးသည်။

၎င်းအပြင်  တပ်နယ် အသီးသီးမှ တပ်မတော် သားများက စာသင်ကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် မိသားစု ၀င်များ၊ ပညာရေး ၀န်ထမ်းများကို တပ်မတော်သားမိသားစုများ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များမှ ထွက်ရှိသည့် အသားငါး၊ အသီးအရွက်နှင့် ကြက်ဥ၊ ဘဲဥများကို ပြင်ပပေါက်ဈေးထက် သက်သာအောင် ရောင်းချ ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။                     

Read 24 times Last modified on Thursday, 18 July 2019 09:22