SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့၊ ကျိုင်းငမ်း မူလတန်းကြိုကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်

Thursday, 18 July 2019 09:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကျိုင်းငမ်းမူလတန်းကြို ကျောင်းရှိ ဆရာမများ၊ မူကြိုကလေးငယ်များ နှင့်မိဘများကို   ယနေ့နံနက်ပိုင်းတွင် တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်  နယ်လှည့်ဆေးကုသ ရေး အဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စစ်ဆေး ကုသခြင်းများ    ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဆရာမ ၁၃ ဦး၊ မူကြိုကလေးငယ် ၁၂၈ ဦးနှင့်  ကလေးမိဘ ၁၇ ဦးတို့ကို ရာသီ တုပ်ကွေးရောဂါ၊မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊  ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကလေးငယ် များ အတွက်  စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 29 times Last modified on Thursday, 18 July 2019 09:23