SJ WorldNews - шаблон joomla Авто

သီပေါမြို့နယ်အတွင်း နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးအား အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်ဖြင့်လာရောက် ပစ်ခတ်

Tuesday, 13 August 2019 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ သီပေါ-လားရှိုးကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်၌ ယနေ့မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် စစ်ကိုင်းမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ချစ်မမမောင် ကုမ္ပဏီပိုင် နွားများ တင်ဆောင်၍ မောင်းနှင်လာသည့် မော်တော်ယာဉ် ငါးစီးအနက် တစ်စီးအား အရပ်ဝတ် ဝတ်ဆင်ထားသည့် အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးက စဥ့်အင်တံတားအနီးသို့ အရောက်၌ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ရာ ယာဉ်မောင်းဖြစ်သူ ဦးစိုင်းဇော်ထွန်း(ဘ) ဦးထွန်းဝင်းမှာ ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်နောက်လိုက် ဦးမောင်မြင့်(ဘ)ဦးကျော်တင်မှာ ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါနေရာ၌ပင် သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နေရာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့အား သီပေါမြို့  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေ၍ နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 12 times Last modified on Tuesday, 13 August 2019 09:59