SJ WorldNews - шаблон joomla Авто

တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည့် သံဖြူဇရပ်မြို့နယ်၊ ၀ယ်ဝင်္ကရာ ကျေးရွာ၊ သံဖြူဇရပ်- ရေးကားလမ်းပေါ်၌ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Tuesday, 13 August 2019 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၀ယ်ဝင်္ကရာကျေးရွာ၊   သံဖြူဇရပ်- ရေးကား လမ်းပေါ်ရှိ ၀ယ်ဝင်္ကရာ တံတား ချဉ်းကပ်လမ်းအနီး ကတရာလမ်းမှာ တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးပြတ် တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ပျက်စီးသွားသော ကတရာလမ်းအား သြဂုတ် ၁၁ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော် သားများက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ မော်တော်ယာဉ်များနှင့် ခရီးသွား ပြည်သူများ   သွားလာမှုအဆင်ပြေစေရေး အတွက် ပြန်လည်ပြုပြင်ပေးခြင်း၊ လမ်းအောက် ခြေခိုင်မာမှု ရှိစေရေးအတွက်  အမာခံ ကျောက်တုံး ကျောက်သားများ ပြန်လည် အစားထိုးပေးခြင်းနှင့် သံဖြူဇရပ်- ရေးကားလမ်းပေါ်ရှိ မြေပြိုကျနေသော မြေသား များအား ဖယ်ရှား ရှင်းလင်း ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့   ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အား ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ရေးမြို့၊ မြို့မ အားကစားရုံ၊ တပလင် နှစ်ဆူဘုရား၊  မနလေး ဘုန်းတော်ကြီးကျောင်း၊ ကျိုက်သီရိမွန် ဘုန်းတော်ကြီး ကျောင်းများရှိ ရေဘေးကယ်ဆယ်ရေး စခန်းများနှင့်  မွန်ပြည်နယ်၊   ပင ကျေးရွာ၊  ကြက်တညင် ဓမာရုံတို့ရှိ  ရေဘေး ကယ်ဆယ်ရေး စခန်းများမှ ရေဘေးသင့်ပြည်သူ များ အား သွားရောက် တွေ့ဆုံ အားပေးစကား ပြောကြားပြီး စားသောက်ဖွယ် ရာများနှင့် သောက်ရေသန့်ဘူးများ  ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။          

 

 

Read 12 times Last modified on Tuesday, 13 August 2019 10:08