SJ WorldNews - шаблон joomla Авто

ကော့သောင်းမြို့နယ် အတွင်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 13 August 2019 10:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်၊ အေးချမ်းသာ ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ပါချန်မြစ်ရေ မြင့်တက်လာ မှုကြောင့် ကျေးရွာအတွင်းသို့ ရေ၀င်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ    ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား  ရေဘေး ကင်းလွတ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ကျေးလက် ကျန်းမာရေး ရုံးများသို့ ရွှေ့ပြောင်းပေးခြင်း၊ စားသောက် ဖွယ်ရာ များ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် နှစ်ပါးနှင့် ဒေသခံ ပြည်သူ ၁၂၆ ဦးတို့ကို သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြော ရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊   သားဖွား/မီးယပ် ရောဂါ၊ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 35 times Last modified on Tuesday, 13 August 2019 10:10