SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ်၊ ခမောက်ကြီးမြို့နယ်၊ ပုလောမြို့နယ်နှင့် ရေဖြူမြို့နယ်တို့အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Tuesday, 13 August 2019 10:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၂

တနင်္သာရီတိုင်း ဒေသကြီးအတွင်း မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့်  ရေကြီးရေလျှံမှု များဖြစ်ပေါ်၍ ကားလမ်းများ ရေကျော်ခြင်း၊ ကျေးရွာများ အတွင်းသို့ ရေ၀င်ရောက်ခြင်း၊ မြေပြို၍ ကားလမ်းများ ပြတ်ကျခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးရာ၌  ယနေ့တွင် တနင်္သာရီမြို့နယ်၊ အရှေ့မင်းသန်းကျေးရွာ၊  ညောင်ပင်ကျေးရွာနှင့်   ထုံတော် ကျေးရွာ အကြားတွင်လည်းကောင်း၊   လောင်းလုံးမြို့ နယ်၊ ရှင်မော်စေတီ တောင်တက်လမ်းတွင် လည်းကောင်း၊ ခမောက်ကြီး မြို့နယ်၊ အေးချမ်း သာကျေးရွာတို့တွင်လည်းကောင်း၊  နယ်မြေခံ တပ်မတော်သားများက ခရီးသွား ပြည်သူများ အနရာယ် မဖြစ်စေရေး၊ မော်တော်ယာဉ်များ ပုံမှန် သွားလာနိုင်စေရန်   ယာဉ်ကြောများ ရှင်းလင်းပေးခြင်း၊ ပြိုလဲကျနေသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းဖယ်ရှားပေး ခြင်း၊ ရေဘေးသင့်ပြည်သူများနှင့် စ္စည်းများ အား   တပ်မတော် မော်တော်ယာဉ်များဖြင့်  ကူညီရွှေ့ပြောင်းကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ပုလောမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ရေပြန်လည်ကျဆင်း သွားသောကြောင့် ကျန်ရှိနေသည့် ရွှံ့ညွန်များနှင့် အညစ်အကြေးများအား ပြန်လည် ဆေးကြောခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့၍ ထားဝယ်- မော်လမြိုင် ကားလမ်းမကြီးရှိ မိုင်တိုင် ၇၆ နှင့် ၇၉ အနီးတို့၌ မြေသားပြိုကျခဲ့သည့် နေရာများအား  လမ်းပြုပြင်မှုများ ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရေးမြို့ဘက်မှ ခြေကျင် ခရီးဖြင့်ရောက်ရှိလာသည့် ခရီးသွားပြည်သူ များအား နယ်မြေခံ တပ်မတော် သားများက တပ်မတော် မော်တော်ယာဉ်များဖြင့် ကလိန် အောင်မြို့သို့ သယ်ယူပို့ဆောင် ပေးခဲ့ကြောင်း  သတင်း ရရှိသည်။

Read 11 times Last modified on Tuesday, 13 August 2019 10:14