SJ WorldNews - шаблон joomla Авто

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ရှိတ်ညိုကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Tuesday, 20 August 2019 09:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊   နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ရှိတ်ညိုကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူ ၄ဝ ဦးခန့်သည် အူရောင်ငန်းဖျား ရောဂါနှင့် ပါးချိတ်ရောင်ရောဂါ ဝေဒနာများဖြစ်ပွားခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် အသက်ခြောက်နှစ် အရွယ်ရှိ မိန်းကလေးငယ်တစ်ဦး အူရောင်ငန်းဖျား ရောဂါဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့သဖြင့် သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင်   အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌  ဒေသခံ တိုင်းရင်းသား ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ   သွားရောက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၆၃ ဦးတို့ကို လည်ပင်း အကျိတ်ရောင်ရောဂါ၊ အအေးမိ ဖျားနာရောဂါ၊ အရိုး/အကြောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။ 

Read 24 times Last modified on Tuesday, 20 August 2019 09:55