SJ WorldNews - шаблон joomla Авто

နောင်ယားကန်၌ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး လက်တွေ့ ဇာတ်တိုက် လေ့ကျင့်

Thursday, 22 August 2019 10:11 font size decrease font size decrease font size increase font size increase font size

ရေကြီးနစ်မြုပ်မှုများတွင်   ထိရောက်လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရေပြင်ရှာဖွေ ကယ်ဆယ်ရေး  လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုကို သြဂုတ်  ၂ဝ ရက်   နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နောင်ယားကန်၌  ဆောင်ရွက်သည်။

အဆိုပါ  ရေပြင်ရှာဖွေ ကယ်ဆယ်ရေး လက်တွေ့ ဇာတ်တိုက်လေ့ကျင့်မှုကို လွိုင်ကော်ခရိုင် ရှာဖွေကယ်ဆယ်ရေး  အထူးတပ်စု မီးသတ်တပ်ဖွဲ့ဝင် ၃၅  ဦးဖြင့် ရေကြီးနစ်မြုပ်ရာတွင် Speed Boat (စက်တပ်လှေငယ်)ဖြင့် လည်းကောင်း၊  ကြိုးတန်းဖြင့် လည်းကောင်း၊  ၁ဝ ယောက်တစ်တန်း ရေအမြန်ကူးခြင်းဖြင့် လည်းကောင်း  လက်တွေ့ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

လက်တွေ့ဇာတ်တိုက်လေ့ကျင့်ရခြင်းနှင့် ပတ်သက်၍   လွိုင်ကော်ခရိုင်  မီးသတ်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းက ''ကျွန်တော်တို့ ဒီလိုလေ့ကျင့်မှု လုပ်တာဟာ ပြည်နယ်အချို့မှာ သဘာဝဘေးကြောင့်   ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်။

ကျွန်တော်တို့ပြည်နယ်မှာလည်း ဒီလို သဘာဝဘေးဖြစ်တဲ့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားခဲ့ရင် ထိထိရောက်ရောက် လျင်မြန်စွာ ကယ်ဆယ်ရေးကို ဆောင်ရွက်နိုင်စေဖို့ လက်တွေ့ဇာတ်တိုက် လေ့ကျင့်ရခြင်း ဖြစ်တယ်''ဟု ပြောကြားသည်။                            

Read 39 times Last modified on Thursday, 22 August 2019 10:12