SJ WorldNews - шаблон joomla Авто

ပျက်ကျ Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံတွေ့ရှိ

Friday, 13 October 2017 10:12 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁၂

ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်းများအား ထပ်မံ ရှာဖွေတွေ့ရှိရန်  တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက် လျက် ရှိသည်။

ထိုသို့ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်စဉ် အောက်တိုဘာ ၁၁ ရက်တွင် တပ်မတော် စစ်ရေယာဉ်မှ  ဆိုနာစနစ်ဖြင့် ရှာဖွေရရှိသည့် ပုံရိပ်များအပေါ်မူတည်၍ လေယာဉ်အမြီးပိုင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာအနီး တစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ နှစ်စင်းက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်အစိတ် အပိုင်း များအား ထပ်မံတွေ့ရှိ ဆယ်ယူရရှိခဲ့ ကြောင်း သတင်းရရှိသည်။

Read 53 times Last modified on Friday, 13 October 2017 10:31