SJ WorldNews - шаблон joomla Авто

နေရပ်စွန့်ခွာ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Friday, 13 October 2017 10:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ် များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များအား ယနေ့တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ   ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ် ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ ၁၁ ဦးနှင့် လောင်းဒုံ ကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူ ၇၁ဦးတို့ကို အဆိုပါ ကျေးရွာများရှိ စာသင် ကျောင်းများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ အထွေ ထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသပေးမှုများနှင့် ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 17 times Last modified on Friday, 13 October 2017 10:31