SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင် နေသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ် အေးချမ်း၍ နေရပ်သို့ပြန်လည် ပြောင်းရွှေ့

Friday, 13 October 2017 10:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု လုပ်ရပ် များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများအနက် မြောက်ဦး မြို့နယ်၊ လောက မာရ်အောင် ဘုရားဓမ္မာရုံ၊ ပေါက်တောပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် တိမ်ညိုရွာသစ် ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတို့၌ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသား ပြည်သူများသည် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်မှုကြောင့် နယ်မြေတည်ငြိမ် အေးချမ်း မှုရှိ လာသည့်အတွက် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိကြောင်း သိရှိရသည်။

¤င်းတို့အနက် မောင်တောမြို့နယ်၊ ဖားဝပ် ချောင်းကျေးရွာ၊ အောင်မင်္ဂလာကျေးရွာ၊ ခရေမြိုင်ကျေးရွာ၊ (၄)မိုင်ကျေး ရွာနှင့် ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ခထီးလှ ကျေးရွာ၊ ပေါက်တော ကျေးရွာတို့မှ ဒေသခံ တိုင်းရင်း သား အိမ်ထောင်စု ၃၄ စုမှ လူဦးရေ ၁၁၆ ဦးတို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ် လမ်းကြောင်း လုံခြုံရေး လိုက်ပါလျက် တပ်မတော်မော်တော်ယာဉ် ခြောက်စီးဖြင့် ယနေ့ နေ့လယ်ပိုင်းတွင် ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည် ကူညီပြောင်းရွှေ့ ပေးခဲ့ကြပြီး ထပ်မံ ပြောင်းရွှေ့ကြမည့် ဒေသခံ တိုင်းရင်းသား ပြည်သူများကိုလည်း ၎င်းတို့၏ နေရပ် အသီးသီးသို့ ပြန်လည် ပြောင်းရွှေ့နိုင်ရေး ဆက်လက် ကူညီဆောင်ရွက် ပေးသွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။                

Read 22 times Last modified on Friday, 13 October 2017 10:33