SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ မြန်မာ့သိုင်း အခြေခံ သင်တန်းများ ဖွင့်လှစ်

Thursday, 03 August 2017 15:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်၏ မြန်မာ့သိုင်း အခြေခံ သင်တန်းအမှတ်စဉ် (၃/၂ဝ၁၇) ဖွင့်ပွဲကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်နှင့် အရာရှိ၊ စစ်သည်များ၊ မြန်မာ့သိုင်း နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီး နှီးလိုက်လံ နှုတ်ဆက်သည်။ နေ့လယ်ပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ပန်းတောင်းတပ်နယ် မြန်မာ့သိုင်း အခြေခံ သင်တန်း အမှတ်စဉ်(၃/၂ဝ၁၇)မှ နည်းပြများနှင့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားပြီး သင်တန်းသားများ၏ သင်ကြား လေ့ကျင့်နေမှု အခြေအနေများကို ကြည့်ရှု အားပေးသည်။

အဆိုပါ မြန်မာ့သိုင်း အခြေခံ သင်တန်းများကို ပြည်တပ်နယ်၌ သင်တန်းသား ၄ဝ ဦး၊ ပန်းတောင်း တပ်နယ်၌ သင် တန်းသား ၅ဝ ဦးနှင့် ပဲခူးတပ်နယ်၌ သင်တန်းသား ၄ဝ ဦးတို့ဖြင့် တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၂၅ ရက်အထိ လေ့ကျင့်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 825 times Last modified on Friday, 04 August 2017 13:17