SJ WorldNews - шаблон joomla Авто

ရေးမြို့နယ်၊ ပုပ္ဖရမ္မကျောင်းတိုက်၌ စုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်

Friday, 20 October 2017 08:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ  ၁၉

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာ၊ ပုပ္ဖရမ္မကျောင်းတိုက်၏ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ပြုလုပ်ရာ ပုပ္ဖရမ္မကျောင်း တိုက်

ဆရာတော် ဘဒ္ဒန္တပုပ္ဖရမ္မ အမှူးပြုသော သံဃာတော်များကြွ ရောက်တော်မူကြပြီး အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုး ဝင်းနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည် သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  ပုပ္ဖရမ္မကျောင်းတိုက် ဆရာတော်ထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား  ကထိန်သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ   ဆက် ကပ် လှူဒါန်းကြသည်။

ထို့နောက် သံဃာတော် အရှင်သူမြတ်များ၏ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် နေ့ဆွမ်း ဆက် ကပ် လောင်းလှူ ပူဇော် ခဲ့ကြောင်း သတင်း ရရှိသည်။

Read 350 times Last modified on Friday, 20 October 2017 11:02