SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံး စာရေး ကိရိယာများ ပေးအပ်

Friday, 20 October 2017 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁၉

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် နေပြည်တော် တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ

တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ငြိမ်းအေး ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး  ဗိုလ်ချုပ်မြင့်မော်နှင့် အရာရှိ၊  စစ်သည်၊   မိသားစုများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက  အမှာစကားပြော ကြားသည်။ ထို့နောက် ၂ဝ၁၇-၂ဝ၁၈ ပညာ သင်နှစ်တွင် ပညာသင်ကြားလျက်ရှိသော တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူ ၇၈၆၆ ဦးအတွက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသုံး စာရေး ကိရိယာ များပေးအပ်ခဲ့ကြောင်း  သတင်းရရှိသည်။

Read 401 times Last modified on Friday, 20 October 2017 08:33