SJ WorldNews - шаблон joomla Авто

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

Saturday, 21 October 2017 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ

တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မုံရွာတပ်နယ် အသင်းနှင့် ကလေးတပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆု ရရှိကြသူများနှင့် ဒိုင်းဆု ရရှိသော မုံရွာတပ်နယ် အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ၁၁ သင်းဖြင့် အောက်တိုဘာ ၁ဝ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 337 times Last modified on Saturday, 21 October 2017 08:21