SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

Saturday, 21 October 2017 08:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်အား ကစားကွင်း၌ ပြုလုပ်ရာ

တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် တိုင်းမှူးနှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ပြိုင်ပွဲဝင် အသင်းများ၏ မီတာ ၁ဝဝ၊ မီတာ ၄ဝဝ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

ယင်းနောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆု ရရှိသည့် နယ်မြေခံ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်း အသင်းတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ပြိုင်ပွဲ အမျိုးအစား ၁၉ မျိုးကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၃ဝ သင်းနှင့် အမျိုးသမီး အသင်း ၃ဝ သင်းတို့ဖြင့် အောက်တိုဘာ ၉ ရက်မှ ယနေ့အထိ ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 404 times Last modified on Saturday, 21 October 2017 08:23