SJ WorldNews - шаблон joomla Авто

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

Saturday, 21 October 2017 08:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း အားကစား ခန်းမ၌ ပြုလုပ်ရာ

တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစား မှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဆုပေးပွဲကို ဆက်လက် ပြုလုပ်ရာ ပြိုင်ပွဲ အမျိုးအစားအလိုက် တစ်ဦးချင်း ဆုရရှိကြသူများ၊ အသင်းလိုက်ဆု ရရှိသူများနှင့် ဒိုင်းဆု ရရှိသော ဇေယျာသီရိ တပ်နယ် အသင်းတို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ကြသည်။

အဆိုပါ ဘော်လီဘော ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီး အသင်း ၁၁ သင်းတို့ဖြင့် အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 357 times Last modified on Saturday, 21 October 2017 08:25