SJ WorldNews - шаблон joomla Авто

စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေနှင့် ပညာသင်စရိတ်ပေးအပ်၊ စစ်မှုထမ်းဟောင်း အဆင့်မြင့် အိမ်ရာ(နေပြည်တော်) တည်ဆောက်ရေး လုပ်ငန်း များအား သွားရောက်စစ်ဆေး

Saturday, 21 October 2017 08:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

နေပြည်တော် ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ကွပ်ကဲမှု အောက်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ မိသားစု ဝင်ကျောင်းသား၊ ကျောင်းသူများအား မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ပေးအပ်သော ပညာသင် စရိတ်များ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်း မြို့ရှိ အောင်ဆန်းခန်းမ၌ ပြု လုပ်သည်။

ဦးစွာ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယက တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်က အမှာ စကားပြောကြားသည်။ ထို့နောက် အသက် ၇၅ နှစ်နှင့်အထက်  စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၈၂ ဦး၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင် ၄၃ဝ ဦးနှင့် မသန်စွမ်း စစ်မှုထမ်းဟောင်း ၅၉ ဦး တို့ကိုလည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်၊ ပညာသင်နှစ်တွင် ပညာသင်ကြား လျက်ရှိသည့် အထက်တန်း၊ အလယ်တန်းနှင့်  မူလတန်း ကျောင်းသား၊ ကျောင်းသူ ၄၃ဝ ဦး၊ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်၊  တက္ကသိုလ်ဝင် စာမေးပွဲတွင်    ထူးချွန်စွာအောင် မြင်ခဲ့သည့် ၄ ဘာသာဂုဏ်ထူးရှင် တစ်ဦး နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့ကိုလည်းကောင်း တိုင်းမှူးနှင့်အဖွဲ့ဝင်များက ချီးမြှင့်ငွေများ၊ ပညာသင်စရိတ်များ၊ ဂုဏ်ပြုဆု နှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၌ ဆောက်လုပ်လျက်ရှိသည့် စစ်မှုထမ်းဟောင်း အဆင့်မြင့်အိမ်ရာ (နေပြည်တော်)တည်ဆောက်ရေး လုပ်ငန်းများအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ အဆိုပါ စစ်မှုထမ်းဟောင်း အိမ်ရာတွင် အရာရှိ၊ စစ်သည်နေအိမ် ၁၆ လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထား ပေးနိုင်ခဲ့ပြီး လက်ရှိတွင် အရာရှိ၊ စစ်သည်နေအိမ် ၁၄ လုံးဆောက်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။                  

Read 311 times Last modified on Saturday, 21 October 2017 08:28