SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ၏ မိုးရာသီ စခန်းချ လေ့ကျင့်မှုများအား သွားရောက် ကြည့်ရှုအား ပေး

Saturday, 21 October 2017 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့ရှိ နယ်မြေခံ သင်တန်းကျောင်း၌ လေ့ကျင့် သင်ကြား ပေးလျက် ရှိသည့် ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ မိုးရာသီ စခန်းချ လေ့ကျင့်ရေးသင်တန်း လေ့ကျင့်နေမှုများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း နှင့်အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးပြီး သင်တန်းသားများ အတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် တောင်ကြီးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့မှ   ဆရာ၊  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၅ ဦး တက်ရောက်လျက်ရှိကြောင်း  သတင်းရရှိ သည်။

Read 286 times Last modified on Saturday, 21 October 2017 08:59