SJ WorldNews - шаблон joomla Авто

ကွမ်းခြံကုန်း မြို့နယ်အတွင်းရှိ သံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Saturday, 21 October 2017 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူး အနောက်စံပြ ကျေးရွာရှိ မစိုးရိမ် ကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အဆိုပါ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူများအား

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အရိုး/အကြော ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် သံဃာတော် ၄ဝ ပါး၊ ကျောင်းသား၊ ကျောင်းသူ ၁၇ဝ ဦးနှင့် ဒေသခံ ပြည်သူ ၂၈၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ဆေးကုသရေးအဖွဲ့က သွားနှင့် ခံတွင်းကျန်းမာရေး၊ အာဟာရနှင့် အစားအစာအကြောင်း တို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 435 times Last modified on Saturday, 21 October 2017 09:07