ထိုသို့ ဆောင်ရွက် ပေးရာတွင် ခွဲစိတ် ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ အရိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါနှင့် အထွေထွေ ရောဂါ ဝေဒနာရှင် သံဃာတော် လေးပါးနှင့် ဒေသခံပြည်သူ ၂ဝဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာများအား မိတ္ထီလာမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။
ထို့ပြင် ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၄၂၇ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က ပြင်ဦးလွင်မြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ရုံး၌ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ အရိုးရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်း ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။