SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တိုက်ကြီးမြို့နယ်နှင့် ညောင်တုန်း မြို့နယ် အတွင်း စုပေါင်း လုပ်အားပေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 03 August 2017 15:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ မြသက်သာဘုရား၊ ဧရာဝတီတိုင်း ဒေသကြီး၊ ညောင်တုန်းမြို့ နယ်၊ ကြေးသွန်း ဘုရားကြီးနှင့် ကွမ်းခြံကုန်း (တောင်ရွာ)ရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲ ဆေးခန်းတို့၌ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် သားများက ဘုရားဝင်းများနှင့် ဆေးပေးခန်းဝင်း အတွင်း/အပြင်ရှိ ချုံ နွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဘုရားရင်ပြင်တော်၌ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဆေးခန်းအဝင်လမ်း တံတားထိုးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

ထို့ပြင် ဥက္ကံမြို့ရှိ သနပ်ကုန်းကျေးရွာနှင့် ဘုရားကုန်း ကျေးရွာတို့မှ ဒေသခံပြည်သူ ၃ဝ ဦး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ရှိ ရပ်ကွက်များမှ ဒေသခံ ပြည်သူ ၃၅ ဦးနှင့် ညောင်တုန်း မြို့နယ်ရှိ ဒေသခံပြည်သူ ၈၁ ဦးတို့ကို တိုင်း စစ် ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့များက မြသက်သာ ဘုရားဝင်း၊ ပခန်းကလေး ကျောင်းတိုက်နှင့် ကြေးသွန်း ဘုရားကြီး ဓမ္မာရုံတို့၌ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 691 times Last modified on Friday, 04 August 2017 13:17