SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း စစ်တုရင် ပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

Thursday, 03 August 2017 15:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၁

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ ပြည့်ဇာနည်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။

ဆုပေးပွဲတွင် တစ်ဦးချင်း ဆုရရှိသူများ၊ အသင်းလိုက် ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဆုများအသီးသီး ပေးအပ်ကြသည်။ အဆိုပါ ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ဇူလိုင် ၂၉ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ယှဉ်ပြိုင် ကစား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 552 times Last modified on Friday, 04 August 2017 13:17