SJ WorldNews - шаблон joomla Авто

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ စတင်

Saturday, 12 August 2017 08:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၁

အရှေ့မြောက် တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကိုသြဂုတ် ၁ဝ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင် တက်ရောက် အမှာစကား ပြောကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များ နှင့်အတူ ပထမနေ့ ပွဲစဉ်များ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ လက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမ ပြိုင်ပွဲဝင် အသင်းရှစ်သင်းဖြင့် သြဂုတ် ၁ဝရက်မှ ၁၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 44 times Last modified on Saturday, 12 August 2017 08:57