SJ WorldNews - шаблон joomla Авто

အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံ အိမ်တွင်းမှု သင်တန်းဆင်းပွဲ ပြုလုပ်

Saturday, 12 August 2017 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၄၇)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်းအမှတ်စဉ် (၇၅)တို့၏ သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး တက်ရောက် အမှာစကား ပြောကြားသည်။

ထို့နောက် အဆင့်မြင့် စက်ချုပ်သင်တန်းနှင့် အခြေခံ အိမ်တွင်းမှု သင်တန်းများတွင် ဆုရရှိကြသူများအား တိုင်းမှူး နှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများနှင့် သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည့် အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် လက်မှု အနုပညာ လက်ရာများကို လိုက်လံကြည့်ရှု အားပေးကြသည်။

အဆိုပါ အဆင့်မြင့် စက်ချုပ်သင်တန်းကို သင်တန်းသူ ၂ဝ ဦးနှင့် အခြေခံ အိမ်တွင်းမှု သင်တန်းကို သင်တန်းသူ ၆ဝ ဦးတို့ဖြင့် မေ၈ ရက်မှ ယနေ့အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 12 times Last modified on Saturday, 12 August 2017 08:55