SJ WorldNews - шаблон joomla Авто

ကာကွယ်ရေးဦးစီးချုပ်(ရေ ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ စတင်ပြုလုပ်

Saturday, 12 August 2017 09:51 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၁

၂ဝ၁၇ ခုနှစ်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တံခွန်စိုက်ဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် သန်လျင်တပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်သင်္ဘောကျင်း ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး တက်ရောက်အမှာ စကားပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များ နှင့်အတူ ပထမနေ့ ပွဲစဉ်ဖြစ်သည့် တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်အသင်းနှင့် ရေတပ်ပင်မ တိုင်းတာရေးတပ် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း၁၄ သင်းဖြင့် စက်တင်ဘာ ၇ ရက်အထိယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 40 times Last modified on Saturday, 12 August 2017 09:52