SJ WorldNews - шаблон joomla Авто

လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်၊ ခိုလမ်မြို့ရှိ တပ်မတော်ဆေးရုံ ၌ တက်ရောက် ဆေးကုသမှု ခံယူနေသူများအား ကြည့်ရူအားပေး

Saturday, 12 August 2017 09:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်၊ ဒါးဆိပ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား သြဂုတ် ၁ဝ ရက် နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က ဒါးဆိပ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချို/သွေးချိုရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါ၊ အရိုးရောဂါ၊ အရေပြား ရောဂါ၊ အထွေထွေ ရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၂၅ ဦးအား လိုအပ်သည့် ဆေးဝါး ကုသမှုများနှင့် ရောဂါရှာဖွေ စမ်းသပ် ပေးခြင်းများ ဆောင်ရွက်သည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ ကျောင်းထိုင် ဆရာတော်အား လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ခိုလမ်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံ ပြည်သူများအား ယနေ့ မွန်းလွဲပိုင်းတွင် သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါ အခြေအနေများ၊ ဆေးဝါး ကုသ ပေးထားမှုများနှင့် ကျန်းမာရေး တိုးတက်မှု အခြေအနေများကို မေးမြန်း အားပေး စကား ပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

Read 55 times Last modified on Saturday, 12 August 2017 09:56