SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အတွင်း လက်နက်ခဲယမ်းများ တွေ့ရှိ

Tuesday, 14 November 2017 08:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကွေ့ချောင်းရပ်ကွက်တွင် နေထိုင်သည့် မောင်မျိုးမင်း၊ မလဲ့လဲ့ဝင်း(ဘ)ဦးတင်မျိုးဝင်း တို့ မောင်နှမနှစ်ဦးသည် ယနေ့နေ့လယ်ပိုင်းတွင် ကွေ့ချောင်းရပ်ကွက်၏ အရှေ့ဘက်ရှိ သိမ်ချောင်းရိုး အတွင်း ငါးဖမ်းစဉ် ပလတ်စတစ်အိတ်အတွင်း ထည့်ထားသည့်   လုပ်သေနတ် ခြောက်လုံးပြူး (တစ်တောင့်ထိုး) တစ်လက်၊ ၉ မမကျည် နှစ်တောင့်၊ ပွိုင့် -၃၈   ကျည်တစ်တောင့်၊   ကာဘိုင်ကျည် တစ်တောင့်တို့အားတွေ့ရှိ၍ နေအိမ်သို့ ယူဆောင်လာခဲ့ရာ  ဖခင်ဖြစ်သူမှ ကွေ့ချောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံသို့ အပ်နှံခဲ့ပြီး အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အုတ်ဖိုမြို့နယ် မြို့မရဲစခန်းသို့ သွားရောက်အပ်နှံခဲ့သည်။

အဆိုပါ   လက်နက်ခဲယမ်းများအား အုတ်ဖိုမြို့နယ် မြို့မရဲစခန်းမှ တစ်ဆင့် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 13 times Last modified on Tuesday, 14 November 2017 08:59