SJ WorldNews - шаблон joomla Авто

သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 15 November 2017 08:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာ၊ အထက်လမုတန်းကြီး ကျောင်းတိုက်ရှိ သံဃာတော်များနှင့် လမုတန်းကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ များအား ယနေ့နံနက် ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွားရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ သားဖွား/မီးယပ်ရောဂါနှင့် အထွေထွေ ဖျားနာရောဂါ ဝေဒနာရှင် သံဃာတော်ခုနစ်ပါးနှင့် ဒေသခံ ပြည်သူ ၄၅ဝ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ    ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု အားပေးပြီး  အထက်လမုတန်းကြီး ကျောင်းတိုက်ရှိ လှိုင်မြို့နယ်၊ ဇေယျဝတီ ပရိယတ္တိစာသင်တိုက်၏ အကျိုးတော်ဆောင် မော်ကျွန်းဆရာတော် ဘဒ္ဒန္တကဝိသာရ အမှူးပြုသော သံဃာတော်များကို ဖူးမြော်၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Read 3 times Last modified on Wednesday, 15 November 2017 08:27