SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုး ကာရံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး၊ တောင်ပြိုဝဲမြို့ရှိ ဒေသခံ ပြည်သူများအား တွေ့ဆုံ

Wednesday, 15 November 2017 08:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်စပ်ခြံစည်းရိုး ကာရံထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးရာ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ တင်ပြချက်များအပေါ် တိုင်းမှူးက ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် တောင်ပြိုဝဲမြို့ရှိ ဒေသခံပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များက တောင်ပြိုဝဲမြို့ရှိ မြို့မ ဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးယဿိန္ဒအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 3 times Last modified on Wednesday, 15 November 2017 08:32