SJ WorldNews - шаблон joomla Авто

(၅၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြုလုပ်

Wednesday, 15 November 2017 08:42 font size decrease font size decrease font size increase font size increase font size

အနောက်တောင်တိုင်း စစ်ဌာနချုပ်၏ (၅၆)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာ ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များအား တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် တက်ရောက်လာကြသူများက နိဂြောဓာရုံ ညောင်ပင်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် စစ်ရေးပြခြင်းကို အစီအစဉ် အတိုင်း ပြုလုပ်ကြသည်။ ဆက်လက်၍ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကိုပြုလုပ်ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ နံရံကပ်စာေ စာင်ပြိုင်ပွဲ၊ အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရဲမေစစ်ရေးစွမ်းရည် ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ မွေးမြူရေး အကောင်းဆုံးရရှိသူများ၊ အိမ်ထောင်သည်လိုင်း သန့်ရှင်းရေး အကောင်းဆုံး ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 4 times Last modified on Wednesday, 15 November 2017 08:56