SJ WorldNews - шаблон joomla Авто

နမ္မတူမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Wednesday, 15 November 2017 08:56 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများ အား နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်း မာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အရိုး/ အကြောရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါနှင့် အထွေထွေ ရောဂါဝေဒနာရှင် ဒေသခံပြည်သူ ၄၁၅ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 182 times Last modified on Wednesday, 15 November 2017 09:00