SJ WorldNews - шаблон joomla Авто

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (မန္တလေး)၌ အိမ်ရာများ ထပ်မံ တည်ဆောက်မှုအား ကြည့်ရှု စစ်ဆေး

Wednesday, 15 November 2017 09:05 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တ လေး)၌ နေအိမ်များ ထပ်မံဆောက်လုပ်နေမှုကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ စစ်မှုထမ်းဟောင်း အိမ်ရာရှင်းလင်းဆောင်၌ တာဝန်ရှိသူ တစ်ဦးက အဆောက်အအုံများ ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်း အိမ်ရာ အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လို အပ်သည်များ မှာကြားသည်။ ဆက်လက်၍ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်၊ မိသားစုများအား ရင်း ရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။ အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး)၌ အရာရှိငယ်နေအိမ် နှစ်ခန်းတွဲ လေး ထပ်ကိုးလုံးနှင့် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ လေးထပ် ၃ဝ လုံးတို့ကို ဆောက်လုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 5 times Last modified on Wednesday, 15 November 2017 09:13