SJ WorldNews - шаблон joomla Авто

စတုတ္ထ အကြိမ်မြောက် တောင်ငူမြို့လုံး ဆိုင်ရာ ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ

Wednesday, 15 November 2017 14:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ စတုတ္ထအကြိမ်မြောက် တောင်ငူမြို့လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် တောင်ငူမြို့ရှိ ရွှေဆံတော်ဘုရားကြီး၌ ပြုလုပ်ရာ တောင်ငူမြို့ပေါ်နှင့် အနီးဝန်းကျင်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော် များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြသည်။

ဆွမ်းဆန်တော် လောင်းလှူပွဲတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်ကျော်နှင့် အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်း အဖွဲ့များနှင့် ဒေသခံ ပြည်သူများက တောင်ငူမြို့ ကျက်သရေဆောင် ရွှေဆံတော် စေတီတော်မြတ်ကြီးမှ မြို့အဝင်မုခ်ဦးလမ်း တစ်လျှောက်ထိ သံဃာတော် ၁၂၆၁ ပါးနှင့် သီလရှင်ဆရာကြီး၊ ဆရာလေး ၁၅၂ ပါးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။

Read 4 times Last modified on Wednesday, 15 November 2017 14:27