SJ WorldNews - шаблон joomla Авто

ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များအား ဝါတွင်းကာလ စုပေါင်းဆွမ်း ဆက်ကပ်လောင်းလှူ

Sunday, 13 August 2017 07:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်များအား  ဝါတွင်းကာလ စုပေါင်းဆွမ်း လောင်းလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် ခေမာရဋ္ဌ ဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး၌ ပြုလုပ်သည်။

ဦးစွာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများက ဘုရားကြီး၏ အာရုံခံတန်ဆောင်း၌ ဆွမ်း၊ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းမှ သံဃာတော် ၄၈၁ ပါးနှင့် သာသနာ့ အနွယ်ဝင် သီလရှင် ၅၃ ပါးတို့ကို ဆွမ်းများဆက်ကပ် လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

Read 36 times Last modified on Sunday, 13 August 2017 07:25