SJ WorldNews - шаблон joomla Авто

နေပြည်တော် အောက်တိုဘာ ၁၆

ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါသနာရှင်များက ပြိုင်ပွဲဝင် အသင်းများ၏ ဗိုလ်လုပွဲပွဲစဉ် ယှဉ်ပြိုင်ကစားမှု များကို ကြည့်ရှုအားပေးကြသည်။

နေပြည်တော် အောက်တိုဘာ ၁၆

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် ပညာသင်ကြားလျက် ရှိသော အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းသုံးစာရေး ကိရိယာနှင့် ပညာသင်စရိတ် ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဇေယျာသီရိ ခန်းမ၌ ပြုလုပ်သည်။

နေပြည်တော် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ရှိ ဒေသခံ ပြည်သူများအား အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 နေပြည်တော် အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာမှ အဘိုး၊ အဘွားများနှင့် ဒေသခံပြည်သူများအား အောက်တိုဘာ ၁၄ ရက်တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊   နယ်လှည့်ဆေး ကုသရေးအဖွဲ့က   အဆိုပါဘိုးဘွားရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော်  အောက်တိုဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာအုပ်စု အတွင်းရှိ ထိန်တော ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား အောက်တိုဘာ ၁၄ ရက်တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နေပြည်တော်  အောက်တိုဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် မြို့တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ရှိ သီလရှင်ဆရာလေးများအား အောက်တိုဘာ ၁၄ ရက်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊

Page 322 of 366