SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ရန်ကုန် ဇွန် ၁၂

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဗီယက်နမ် ပြည်သူ့တပ်မတော် အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Senior Lieutenant General Tran Don ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာသည်။ အဆိုပါ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး H.E. Dr. Luan Thuy Duong၊ စစ်သံမှူး Col. Nguyen Duc Giang နှင့် တာဝန်ရှိသူတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

Page 336 of 494