SJ WorldNews - шаблон joomla Авто

 

နေပြည်တော်  ဖေဖော်ဝါရီ  

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၏ ဆွမ်းဆန်စိမ်း လောင်းလှူ ပူဇော်ပွဲကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ ပြုလုပ်ရာ  မွန်ပြည်နယ်၊  မော်လမြိုင်မြို့၊ ဇောတိကာရုံကျောင်းတိုက် ဆရာတော် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ  အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့်အရာရှိ၊ စစ်သည်၊  မိသားစုများ  တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇောတိကာရုံကျောင်းတိုက် ဆရာတော်ထံမှ   ငါးပါးသီလခံယူ  ဆောက်တည်ကြပြီး သံဃာတော်များ  ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများသည် မော်လမြိုင်မြို့ပေါ် ကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်စိမ်းများ  လောင်းလှူ ပူဇော်ခဲ့ကြောင်း  သတင်း ရရှိသည်။ 

(၁ဝဝ)

နေပြည်တော်  ဖေဖော်ဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အလံတပိုကျေးရွာရှိ ကျိုက်ဒေးဝိစေတီတော် မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင်  ရန်ကုန် တိုင်းစစ်ဌာနချုပ်၊အင်းတိုင်တပ်နယ်မှ တပ်မတော်သား များက စုပေါင်း လုပ်အားဒါန ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက စေတီတော် ပတ်ဝန်းကျင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စေတီတော်ရင်ပြင်တော်၌ သန့်ရှင်းရေး ပြုလုပ် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။                

(၁ဝဝ)

Page 342 of 621