SJ WorldNews - шаблон joomla Авто

တောင်သူများ ဘေးအန္တရာယ် ကင်းရှင်းသော သီးနှံများစိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ လိုက်နာ ကျင့်သုံးရန်လို

Sunday, 03 December 2017 11:15 Written by  font size decrease font size decrease font size increase font size increase font size

စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP (Good Agricultural Practices) လက်မှတ်ရရှိမယ် ဆိုရင် တောင်သူတွေအတွက် ဘယ်လိုအကျိုး ကျေးဇူးတွေရရှိနိုင်မလဲ။

အဓိကကတော့ စားသုံးသီးနှံတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝစွာ ထုတ်လုပ်ဖို့ ရည်ရွယ်ပြီးတော့ လက်ရှိစိုက်ပျိုး ထုတ်လုပ်နေတဲ့ သီးနှံတွေမှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေနဲ့ ပတ်သက်လို့ ဥယျာဉ် ခြံသီးနှံကိုးမျိုးနဲ့ လယ်ယာသီးနှံခြောက်မျိုး စုစုပေါင်း ၁၅ မျိုးကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများဆိုတဲ့ Guide Line ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။ GAP Guide ဆိုတဲ့နေရာမှာ တောင်သူတွေ သီးနှံစိုက်ပျိုးတဲ့နေရာမှာ စနစ်တကျ ဒီ GAP Protocol ၁၆ ချက်နဲ့ ရေးဆွဲထားတဲ့ အလေ့အကျင့်ကောင်းတွေကို လိုက်နာမယ်ဆိုရင် ထုတ်လုပ်တဲ့ သီးနှံတွေက ဘေးအန္တရာယ် ကင်းရှင်းတဲ့သီးနှံတွေ ဖြစ်ပြီးတော့ ဈေးကွက်မှာလည်း ဈေးကောင်းရမယ်။ နောက်ပြီး စားသုံးသူတွေမှာလည်း ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝတဲ့ သီးနှံတွေကို ရရှိမှာဖြစ်ပါတယ်။

GAP Protocol မှာပါတဲ့အချက်တွေကို ပြောပြပေးပါဦး။

GAP Protocol ပါတဲ့အချက်တွေက မြေနေရာရွေးချယ်ခြင်း၊ စိုက်ပျိုးဖို့ အသုံးပြုတဲ့ရေ၊ မျိုးစေ့၊ ပျိုးပင်တွေ ရေမြေဒေသနဲ့ ကိုက်ညီပြီး ပိုးမွှားကင်းစင်တဲ့အရည်အသွေး ကောင်းတဲ့မျိုးစေ့တွေကို ရွေးရမယ်။ မြေသြဇာနဲ့ မြေဆီလွှာမှာ ဖြည့်စွက်တဲ့ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် တခြားဓာတုပစ္စည်းများ၊ အပင်များ ကိုပြုစုစောင့်ရှောက်ခြင်း၊ စိုက်ပျိုးရေးနဲ့ တခြားဆက်စပ်တဲ့ ကိရိယာများ၊ ရိတ်သိမ်းခြင်းနဲ့ ထွက်ကုန် ပြုပြင်ခြင်း၊ သိုလှောင်ခြင်းနဲ့ သယ် ယူပို့ဆောင်ခြင်း စတာတွေဖြစ်ပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနက GAP လက်မှတ်ကို ဘယ်ဒေသတွေမှာ စတင်ပေးခဲ့တာပါသလဲ။

GAP လက်မှတ်ကို ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်ကစပြီး သရက်သီးမှာ စပေးပါတယ်။ သရက်သီးကိုစပြီးတော့ မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တွေမှာ စနစ်တကျ GAP Guide Line နဲ့အညီလုပ်ဖို့ တောင်သူတွေနဲ့ ဆွေးနွေးတယ်။နောက်ပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသက ခရမ်းချဉ်သီးကိုလည်း GAP လက်မှတ် ပေးခဲ့ပါတယ်။ ဆက်လက်ပြီး GAP Guide Line တွေနဲ့အညီ ဥယျာဉ်ခြံသီးနှံမှာ သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲ သီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ဂေါ်ဖီထုပ်၊ ထောပတ်၊ လယ်ယာသီးနှံက အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံက (မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း)၊ နှမ်း၊ မြေပဲ၊ စပါး၊ ကော်ဖီတွေကို စိုက်ပျိုးဖို့ တိုက် တွန်းထားပါတယ်။ အဲဒီသီးနှံတွေကို Guide line နဲ့အညီ တောင်သူတွေက လိုက်နာကျင့်သုံးဖို့လိုပါတယ်။ ကွင်းဆင်းစစ်ဆေးတဲ့ အဖွဲ့တွေကလည်း စစ်ဆေးပြီး ထွက်လာတဲ့အပေါ်မှာ သတ်မှတ်ချက် စံချိန်စံညွှန်းနဲ့ ညီရင် GAP လက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက် ပေး သွားမှာပါ။    

တောင်သူတွေ GAP နဲ့ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိလာဖို့ ဘယ်လို ဆောင်ရွက်မှုတွေ ပြုလုပ်နေ ပါသလဲ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ရုံးချုပ်အဖွဲ့တွေက ကွင်းဆင်းပညာပေးတယ်။ သက်ဆိုင်ရာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အတွင်းမှာရှိတဲ့ ခရိုင်နဲ့မြို့နယ်အလိုက် ဒါတွေကို GAP Guide line နဲ့အညီသွားဖို့ တောင်သူ တွေကို ပ ညာပေးပါတယ်။ ပညာပေးစည်းရုံးပြီးမှ သူတို့တွေနားလည် လာအောင် ဆွေးနွေးပေးပါတယ်။

တောင်သူတစ်ဦးအနေနဲ့ GAP လက်မှတ်ကိုသာ ကိုင်ဆောင်ထားနိုင်မယ်ဆိုရင် ပြည်ပကိုသီးနှံတွေ တင်ပို့တာပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရောင်းချတာပဲဖြစ်ဖြစ် တောင်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ။

GAP လက်မှတ်သာ ကိုင်ဆောင်ထား နိုင်မယ်ဆိုရင် အများကြီး အကျိုးရှိမှာပါ။ ဘေးအန္တရာယ် ကင်းရှင်းတဲ့ သီးနှံကို စိုက်ပျိုးထုတ်လုပ်နိုင်တဲ့အတွက် သူတို့ရောင်းချတဲ့ သီးနှံတွေက စားသုံးသူတွေအတွက် အန္တရာယ် ကင်းတဲ့သီးနှံ ကို ရတဲ့အတွက် ပထမဆုံး အကျိုးကျေးဇူးတွေရရှိမယ်။ ဈေးကွက်မှာလည်း ကျန်တဲ့သီးနှံတွေ ထက်ကို ဈေးကောင်းရလာနိုင်မယ်။ ပြည်ပကို တင်ပို့ရင်လည်း ပုံမှန်စိုက်ပျိုးတဲ့ သီးနှံတွေထက် ဈေးကောင်း ပိုရလာနိုင်မှာဖြစ်ပါတယ်။

တောင်သူတွေထဲမှာ GAP လက်မှတ် ရတဲ့ဈေးကွက်ဖော်ဆောင်နိုင်တဲ့ တောင်သူတွေ ရှိနေပြီလား။

ပြည်ပကို တင်ပို့တဲ့ GAP လက်မှတ်ရထားတဲ့ သရက်ခြံကနေ ပိုပြီးတော့ ဆောင်ရွက်နိုင်တာမျိုးတွေ ရှိလာပါ တယ်။ လောလောဆယ် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို တောင်သူတွေလုပ် တတ်ဖို့က ပ ထမဖြစ်ပါ တယ်။ ဒီနည်းပညာနဲ့ စိုက်ပျိုးနိုင်ပြီဆိုပါက အရည်အသွေးကောင်းတဲ့ ဘေးအန္တရာယ်ကင်းရှင်းတဲ့ သီးနှံတွေကို ထုတ်လုပ်နိုင်တယ်ဆိုရင် ဈေးကွက်မှာ ရောင်းအားပိုလာမယ်။ပြည်ပကိုလည်း ပိုပြီးတင်ပို့လာ နိုင်ပါမယ်။

တောင်သူတစ်ဦးအနေနဲ့ GAP လက်မှတ်လိုချင်တယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။

သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန ရုံးတွေနဲ့ ဆက်သွယ်ပြီး လုပ်လို့ရပါတယ်။သက်ဆိုင်ရာ ရုံးတွေကလည်း GAP လက်မှတ်လုပ်မယ့်သူတွေကို လိုက်ပြီးစည်းရုံး နေပါတယ်။ GAP လက်မှတ်လုပ်ချင်တဲ့ သူတွေကိုလည်း လိုအပ် တာတွေ ကူညီဆောင်ရွက်ပေးသွားမှာပါ။နေနှင်း

Read 201 times
Rate this item
(0 votes)
Last modified on Sunday, 03 December 2017 11:19