SJ WorldNews - шаблон joomla Авто

နိုင်ငံရပ်ခြားမှာ ကျွန်တော့် အရည်အချင်းကို ထုတ်ပြဖို့ အသင့် ဖြစ်နေပါပြီ

Tuesday, 19 December 2017 09:58 Written by  font size decrease font size decrease font size increase font size increase font size

ထိုင်းလိဂ် (၁) သို့ပြောင်းရွှေ့မည့် တိုက်စစ်မှူး ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး ကျော်ကိုကိုသည် ထိုင်းလိဂ် (၁) ကလပ် ချင်းရိုင်ယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုအရ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရန် အကြိုသဘော တူညီမှုရရှိခဲ့ပြီ ဖြစ်သည်။ ထိုင်းလိဂ် (၁) ကလပ် ချင်းရိုင်ယူနိုက်တက် အသင်းသည် ရန်ကုန်ယူနိုက်တက် အသင်း တိုက်စစ်မှူးကျော်ကိုကိုအား ခေါ်ယူရန် တရားဝင်ကမ်းလှမ်းခဲ့ပြီးနောက် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ကျော်ကိုကိုအား ခေါ်ယူဆွေးနွေးပြီး ကာယကံရှင်ကိုယ်တိုင်က သွားရောက်ကစားမည်ဟု ပြောကြားသောကြောင့် ချင်းရိုင်ယူနိုက်တက်အသင်း၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ ကျော်ကိုကို အနေဖြင့် တစ်လလျှင် လစာ အမေရိကန်ဒေါ်လာ ၇ဝဝဝ (မြန်မာငွေကျပ်သိန်း ၉ဝ ကျော်) ရရှိမည်ဖြစ်သည်။ ပြည်ပကလပ်အသင်းများ အနေဖြင့် ကျော်ကိုကိုအား ယခင်ကတည်းက ခေါ်ယူမှုပြုလုပ်ခဲ့ပြီး အာဆီယံဒေသတွင်း  လိဂ်များအပြင် ဥရောပလိဂ်များမှလည်း ခေါ်ယူရန် ကမ်း လှမ်းခဲ့သော်လည်း ပြောင်းရွှေ့ခွင့်မရဘဲ ယခု မှသာ အကြိုသဘောတူညီမှု ရရှိခြင်းဖြစ်ရာ ထိုင်းလိဂ်သို့ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး ကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပုံကို ဖော်ပြလိုက်ပါသည်။

ထိုင်းလိဂ် (၁) ကို ပြောင်းရွှေ့ရတော့ မယ်ဆိုတော့ ခံစားချက်လေး ပြောပြပေးပါဦး။

ကိုယ့်နိုင်ငံထက် Level တစ်ခုမြင့်တဲ့ နေရာကို ပြောင်းရွှေ့ရမှာဆိုတော့ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ အဆင်ပြေပါ့မလား ဆိုတဲ့စိတ်တော့ ဝင်နေတယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ လိဂ်ကိုပြောင်းရွှေ့ကစား ရတာဆိုေ တာ့ ရုန်းကန်ရမှာ အမှန်ပဲ။ ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ။

ဘယ်လိုကြောင့် ဒီလိုပြောင်းရွှေ့ ကစားဖို့ဖြစ်သွားတာလဲ ပြောပြပေးပါဦး။

အဓိကကတော့ ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင်ရဲ့ စေတနာကြောင့်ဖြစ်ပါတယ်။ကျွန်တော်က မြန်မာ နိုင်ငံမှာ လူကြမ်းဖြစ်နေတာကို မင်းသားဖြစ်အောင် မြှင့်တင်ပေးလိုက်တာပါ။ ဒါကြောင့် ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင်၊ ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး လော လောဆယ် အပြီးသတ် မဆုံးဖြတ်ရသေးတော့ ဘာမှမပြောချင်သေးပါဘူး။

အသင်းသစ်မှာ နေရာတစ်နေရာ ရနိုင်မယ်လို့ ယုံကြည်လား။

ဒါက ခက်ခဲမှာအမှန်ပဲ။ ပွဲထွက်ကစား သမား ၁၁ ဦးစာရင်းထဲဝင်ဖို့ဆိုတာ ကစားသမားသစ် တစ်ဦးအနေနဲ့တ်ာတော်ကြိုးစားရမှာပါ။

ကျော်ကိုကိုအနေနဲ့ အခုအာဆီယံ ဒေသတွင်း အမြင့်ဆုံးလိဂ်တစ်ခုကို ပြောင်းရွှေ့ကစားရမယ်ဆိုတော့  နောက်ထပ်ရော ဘယ်အဆင့်လောက်အထိ ရည်မှန်းထားလဲ။

ကျွန်တော် အာဆီယံ၊ အာရှ၊ ဥရောပ အသင်းတွေနဲ့ ကစားဖူးတယ်။ သူတို့အသင်း ရပ်တည်မှု အခြေအနေ တွေကို သိပါတယ်။ လက်ရှိအခြေအနေနဲ့ကတော့ အာဆီယံ အဆင့်လောက်ပဲကောင်းတယ်။ ဖြစ်နိုင်ရင် တော့အာရှအ ဆင့်အထိ သွားချင်တယ်။ ဥရောပကတော့ မဖြစ်နိုင်သေးပါဘူး။ ကျွန်တော့်ရည်မှန်းချက်က မြန် မာ့လက်ရွေး စင်အသင်းမှာ အောင်မြင်မှုရဖို့ပါ။

ဘယ်အချက်တွေကြောင့် ထိုင်းလိဂ်ကို ပြောင်းရွှေ့ကစားမယ်လို့ ဆုံးဖြတ်လိုက်တာလဲ။ လက်ရှိ ထိုင်းကလပ် ချင်းရိုင်ယူနိုက် တက်အသင်းရဲ့ ကမ်းလှမ်းတဲ့လစာက မျှော်မှန်းတဲ့ အနေအထားဖြစ်လား။

ကျွန်တော် ထိုင်းလိဂ်ကို ပြောင်းရွှေ့တာ ငွေကြေးကြောင့် မဟုတ်ပါဘူး။ ပြီးတော့ သူတို့ပေးတဲ့လစာက ကျွန်တော်လိုချင်တဲ့ စံနှုန်းလည်းမဟုတ်ပါဘူး။ ဘာကြောင့် ပြောင်းရွှေ့ရတယ်ဆိုတာကတော့ စိန်ခေါ်မှု အသစ်ကို လိုချင်လို့ ပါ။ ထိုင်းနိုင်ငံ ဘောလုံး လောကက အခုဆို  ကမ္ဘာကိုတောင် ခြေလှမ်းနေပါပြီ။  ဒီလိုနေရာမျိုးမှာ ငွေကြေးထက် စိန်ခေါ်မှုကိုလိုချင်လို့ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော့်အတွက် အကောင်းဆုံးအခွင့်အရေးပါပဲ။

ကျော်ကိုကိုအနေနဲ့ ပြည်တွင်းမှာ အဓိက ကစားသမားတစ်ဦးဖြစ်သလို နည်းပြတွေနဲ့လည်း  ကစားချင်တဲ့ နေရာနဲ့ ကစားခွင့် မရလို့ ပြဿနာလေးတွေရှိခဲ့တယ်။ အခု ထိုင်းမှာဆိုရင်ရော အဆင်ပြေပါ့မလား။

ကျွန်တော် အခုနောက်ပိုင်းမှာ အားလုံး ပြင်ဆင်ပြီးနေပါတယ်။ ဒီကိစ္စအတွက်တော့ ဘာပြဿနာမှမရှိပါဘူး။  အခု ကျွန်တော် နည်းပြတော်တော်များများနဲ့ လက်တွဲလာခဲ့ရတဲ့ အတွေ့အကြုံတွေက ကျွန်တော့်ကို ရင့်ကျက်စေပါပြီ။ ပရော်ဖက်ရှင်နယ်ကစား သမားတစ်ဦးအနေနဲ့ နည်းပြက ဘယ်နေရာထားထား အကောင်းဆုံး ကြိုးစားဖို့ပဲ လိုအပ်တာပါ။

ထိုင်းကို တစ်နှစ်လောက်သွားကစားရမှာ ဆိုတော့ မိသားစုနဲ့ ဘာသာစကားကိုရော ဘယ်လိုစီစဉ်ထားလဲ။

ကလေးကလည်းငယ်သေးတော့ မိသားစုအားလုံးကို ခေါ်သွားမှာပါ။ ဘာသာစကားကတော့ ကျွန်တော်ဖြတ် သန်းလာတဲ့ကာလ တစ်လျှောက် နိုင်ငံခြားသားနည်းပြ တော်တော်များများနဲ့ လက်တွဲလာခဲ့လို့ အဆင်ပြေပါတယ်။ သေ ချာပြီဆိုရင်တော့ ထိုင်းဘာသာ စကားကိုလည်း လေ့လာသင်ယူမှာပါ။

အရင်တုန်းက အာဆီယံကလပ်တွေက ကမ်းလှမ်းခဲ့ပေမယ့် ပျက်ပြယ်ခဲ့တယ်။ အခု ကျော်ကိုကို အသက် ၂၇ နှစ်ကျော်မှ သွားကစားရမယ်ဆိုတော့ အချိန်ကောင်းဖြစ်နိုင် ပါ့မလား။

ကျွန်တော့်အနေနဲ့ကတော့ ဒီအချိန်က ကျွန်တော့်အတွက် အချိန်ကောင်းပါပဲ။ အရင်တုန်းက ပျက်ပြယ်ခဲ့ တယ်ဆိုတာကလည်း ကျွန်တော့်မှာ လိုအပ်ချက်တွေရှိနေတာကြောင့်ပါ။ အခုတော့ နိုင်ငံရပ်ခြားမှာ ကျွန် တော့်အရည် အချင်းကို ထုတ်ပြဖို့ အသင့်ဖြစ်နေပါပြီ။ ကျွန်တော်လည်း အစွမ်းကုန် ကြိုးစားမှာပါ။

ချင်းရိုင်ယူနိုက်တက် အသင်းမှာ ပွဲထွက် ကစားသမားနေရာအတွက် ဘယ်သူတွေကို အဓိက ယှဉ်ပြိုင်ရနိုင်လဲ။

အဓိကကတော့ ထိုင်းဒေသခံ ကစားသမားတွေကို ယှဉ်ပြိုင်ရမှာပါ။ လေ့ကျင့်ရေးမှာ သူတို့ထက်ပိုကောင်း အောင် လေ့ကျင့်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အသင်းမှာ တိုက်စစ်ကို ပြည်ပနဲ့ပြည်တွင်း နှစ်ဦး အသုံးပြုရင် ပြည်တွင်းကစားသမား နေရာကို အရယူနိုင်ဖို့လိုပါတယ်။

ထိုင်းလိဂ်မှာ တစ်နှစ်အငှားစာချုပ်နဲ့ သွားမှာဆိုတော့ ထပ်မံစာချုပ်သက်တမ်း တိုးရင်ဆက်နေမလား။

ဒါက မပြောနိုင်သေးဘူး။ သူတို့ကမ်းလှမ်းမှုနဲ့ ရန်ကုန်ယူနိုက်တက်အသင်းအပေါ် မူတည်ပါတယ်။

ကျော်ကိုကိုနဲ့အောင်သူဆိုတာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားတွေဆိုတော့ ထိုင်းကို ရောက်နေရင်  မြန်မာ့လက်ရွေးစင် အသင်းအတွက် လာကစားရမယ့်အပေါ်မှာရော ဘယ်လိုခံစားရလဲ။

လက်ရွေးစင် အသင်းအတွက်ဆိုရင်တော့ ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက် ပေးဆပ်ဖို့အသင့်ပါ။ ကျွန်တော့်ရည်မှန်းချက်ကလည်း လက်ရွေးစင်အသင်း အောင်မြင်မှုရဖို့ပါပဲ။

ရန်ကုန်ယူနိုက်တက် အသင်းနဲ့  ပရိသတ်အတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ရန်ကုန်ယူနိုက်တက်အသင်းနဲ့ ပရိသတ်တွေကတော့ ရင်ထဲအသည်းထဲမှာ ရှိပါတယ်။ ကျွန်တော့်ဘဝ ခြေလှမ်းနဲ့ ကလပ်အသင်း ပုံရိပ်အတွက် ခဏခွဲခွာရတာပါ။ ပရိသတ်တွေ ကျွန်တော့်အစား ဝမ်းသာနေမယ်လို့ ယုံကြည်ပါ တယ်။တီတီ

Read 187 times
Rate this item
(0 votes)
Last modified on Tuesday, 19 December 2017 10:12