SJ WorldNews - шаблон joomla Авто

မြေငလျင် အကြောင်း သိကောင်းစရာများ

Thursday, 18 January 2018 09:46 Written by  font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၁၂ ရက်တွင် လှုပ်ခတ်သွားသော မြေငလျင်နှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများ ဖြစ်ပေါ်လာနိုင်မှုနှင့် မြေငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန် အချက်များ၊ မြေငလျင်လှုပ်ပြီး လုပ်ဆောင်ရန် အချက် များ၊ မြေငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များ သိရှိစေနိုင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန နေပြည်တော် မြေငလျင်ဌာနခွဲ ဒုတိယ ညွှန်ြ ကားရေးမှူး ဦးလှစောအား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ရပါသည် -

မေး။  ။ ပထမဆုံး အနေနဲ့ မြေငလျင် အကြောင်းလေး သိပါရစေ။

ဖြေ။။ မြေငလျင်ဆိုတာကတော့ မြေကြီး တုန်ခါမှုဖြစ်ခြင်းကို ခေါ်ဆိုပါတယ်။ ဘူမိဗေဒဘာသာရပ်မှာတော့ မြေထုလို့ခေါ်ဆိုတဲ့ ကျောက်သားထုနှစ်ခုက တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာက တစ်ခုက အခြားတစ်ခုအောက်ကို ငုံ့လျှိုး ဝင်ရောက်ပြီး အပေါ်တစ်ခုက တွန်းတိုက်ခံရတဲ့အတွက် တွန့်ခေါက်လာပြီး အဆိုပါ တွန့်ခေါက်တဲ့နေရာမှာ အားများတဖြည်းဖြည်း စုစည်းမိလာပြီး တစ်ချိန်တွင် စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ အဘက်ဘက်သို့ ပြန့်ထွက်သွားရာမှတစ်ဆင့် အားများ(စွမ်းအင်အား)ဖြတ်သွားရာ လမ်း ကြောင်းတစ်လျှောက်ရှိ ကြားခံအရာများ အားလုံးတုန်ခါသွားတဲ့အတွက် မြေငလျင်ဖြစ်ပေါ်စေနိုင်တဲ့အပြင် မီးတောင်ပေါက်ကွဲခြင်း၊ မြေအောက်မိုင်းခွဲခြင်း၊ အာကာသမှ ဥက္ကာခဲများ ကမ္ဘာမြေပြင်ပေါ်သို့ ကျရောက်ခြင်း တို့လည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

မေး။  ။ မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ် ငလျင်လှုပ်ခတ်ဖြစ်ပွားမှု အခြေအနေကို သိပါရစေ။

ဖြေ။ ။ ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံပြည်တွင်း ငလျင်လှုပ်ခတ်မှု အခြေအနေကတော့ အကြိမ်ပေါင်း ၇ဝ လှုပ်ခတ်ခဲ့ပါတယ်။ အင်အား အပြင်းဆုံးကတော့ ၂ဝ၁၇ ခုနှစ် မတ် ၁၃ ရက်မှာဖြစ်ပွားခဲ့တဲ့ တိုက်ကြီးမြေငလျင်ပါ။ တိုက်ကြီး အနောက်တောင်ဘက် ၅ မိုင်အကွာမှာ အင်အားကတော့ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ ရှိပြီး ၂ဝ၁၇ ခုနှစ်မှာ အင်အား အများဆုံးဖြစ်ပါတယ်။ အင်အားအနည်းဆုံးကတော့ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက် သပိတ်ကျင်းမြို့နယ် အရှေ့ေ တာင်ဘက် ၄ မိုင်အကွာမှာ၊ အင်အားကတော့ ရစ်ခ်ျတာ စကေး ၃ ဒသမ ၁ အဆင့်ရှိပြီး ၂ဝ၁၇ ခုနှစ်မှာ အင်အားအနည်းဆုံးဖြစ်ပါတယ်။

မေး။  ။ ၂ဝ၁၈ ခုနှစ် နှစ်ဦးပိုင်း မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ဖြစ်ပွားမှု အခြေအနေကို သိပါရစေ။

ဖြေ။။ ၂ဝ၁၈ ခုနှစ် နှစ်ဦးပိုင်း မြေငလျင် လှုပ်ခတ်မှု အခြေအနေကတော့ ကျွန်တော်တို့အနေနဲ့ သတင်းထုတ်ပြန်တာ အားလုံးပေါင်း ၁ဝ ကြိမ်ရှိပါတယ်။ အင်အား အပြင်းဆုံး မြေငလျင်ကတော့ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာဖြစ် ပွားခဲ့တဲ့ကမ္ဘာအေး မြေငလျင်စခန်းမှ မြောက်ဘက် ၁ဝ၇ မိုင်အကွာ ဖြူးမြို့၏  အနောက်-အနောက်တောင်ဘက် ၁၇ မိုင်အကွာ  အင်အားရစ်ခ်ျတာစကေး ၆ ရှိပါတယ်။ အခုလှုပ်ခတ်မှုမှာ အင်အားအပြင်းဆုံး မြေငလျင်ဖြစ်ပါတယ်။

မေး။  ။ အခုလို မြေငလျင်လှုပ်ခတ်ရတဲ့ အကြောင်းရင်းကို သိပါရစေ။

ဖြေ။။ အဓိကကတော့ ပဲခူးရိုးမထဲမှာ ရှိတဲ့ ပြတ်ရွေ့ကြောင်းမှတစ်ဆင့် လှုပ်ခတ်ခဲ့တာလို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

မေး။  ။ ဖြူးမြို့အနီး လှုပ်ခတ်သွားတဲ့ မြေငလျင်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဘယ်လိုဖြစ်ပေါ်လာနိုင်ပါသလဲ သိပါရစေ။

ဖြေ။။ ဖြူးမြို့အနီးမှာ လှုပ်ခတ်သွားတာ ကတော့ အင်အား ရစ်ခ်ျတာစကေး ၆ ဆိုတာ အသင့်အတင့် သတ်မှတ်ပါတယ်။ အင်အားအနည်းအများ သတ်မှတ်ချက် အနေနဲ့ကတော့ ရစ်ခ်ျတာစကေး ၁ ကနေ ၄ ဒသမ ၉ အထိကို အင်အားအနည်းငယ် သတ်မှတ်ပါတယ်။ နောက် ရစ်ခ်ျတာစကေး ၅ ကနေ ရစ်ခ်ျတာ စ ကေး ၆ အထိကို အင်အားအသင့်အတင့် သတ်မှတ်ပါတယ်။ ရစ်ခ်ျတာစကေး ၆ ဒသမ ၁ ကနေ ရစ်ခ်ျ တာစကေး ၇ ဒသမ ၅ ဆိုရင် အင် အားပြင်းထန်တယ်လို့ သတ်မှတ်ပြီး ရစ်ခ်ျတာစကေး ၇ ဒသမ ၅ အထက်ဆိုရင်တော့ အင်အားအလွန်ပြင်းထန်တယ်လို့ သတ်မှတ်ပါတယ်။ မြေငလျင်အနက်ကတော့ ၁ဝ ကီလို မီတာ ပဲရှိပါတယ်။ အနက်တိမ်တဲ့ မြေငလျင်ကတော့ နောက်ဆက်တွဲမြေငလျင်တွေလည်း လာနိုင်ပါတယ်။အခုချိန်ထိ နောက်ဆက်တွဲမြေငလျင် အနေနဲ့ကတော့ ၁ဝ ကြိမ် သတင်းထုတ်ပြန်ထားပါတယ်။ ရစ်ခ်ျတာစကေး အင်အားအနည်းငယ်အပါ အဝင်ကတော့ စုစုပေါင်း ၄၇ ကြိမ် လှုပ်ခတ် ခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက်အထိ ရစ်ခ်ျတာ စကေး ၅ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့ပါတယ်။  နောက်ဆက်တွဲ မြေငလျင်အနေနဲ့ လှုပ်ခတ်ဖို့တော့ရှိတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ နောက်ဆက်တွဲ မြေငလျင် ကတော့ ရစ်ခ်ျတာ စကေး ၃ လောက်ရောက်မှသာ ရပ်သွားမယ်ဆိုတော့ တစ်ရက်နှစ်ရက်လောက် နောက်ဆက်တွဲ မြေငလျင် လှုပ်ခတ်ဖို့ရှိပါတယ်။ အင်အားပြင်းတဲ့ ရစ်ခ်ျတာစကေး ၆ အထက်ကတော့ လာဖို့ခဲယဉ်းသွားပါတယ်။  ဘာ လို့လဲဆိုတော့ နောက်ဆက်တွဲမြေငလျင်က အခုရက်ပိုင်း အတွင်းမှာ အကြိမ်လည်းများပါတယ်။ ဒါ့အပြင် မြေငလျင်လှုပ်ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်များကတော့ နောက်ဆက်တွဲ ငလျင်များ၊ မြို့ပြမီးဘေး အန္တရာယ်၊ ရေကာတာကြီးများ ကျိုးပြတ်ရေကြီးခြင်း၊ ရွှံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊  ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊ ကောလာဟလသတင်းလွှင့်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါတယ်။

မေး။  ။ ဌာနအနေနဲ့ မြေငလျင်လှုပ်ခတ်မှုအပေါ် ဘယ်လိုကြိုတင်ပြင်ဆင် ဆောင်ရွက်ထားပါသလဲ။

ဖြေ။။ ကျွန်တော်တို့ နေပြည်တော် မြေငလျင်ဌာနခွဲ အနေနဲ့ကတော့ မြေငလျင် တစ်ခုလှုပ်ခတ်သွားမယ် ဆိုရင် အချိန်နဲ့တစ်ပြေးညီ ပြည်သူများသိရှိစေနိုင်ရန် လှုပ်ခတ်ပြီး နာရီဝက်အတွင်းမှာ သတင်းထုတ်ပြန်နိုင် အောင် ကြိုးစား ထားပါတယ်။ နိုင်ငံတော် အကြီးအကဲတွေဆီကိုလည်း ချက်ချင်းအချိန်နဲ့ တစ်ပြေးညီ သိရှိအောင် လုပ်ဆောင်လျက်ရှိပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ အပြင်းဆုံး လှုပ်ခတ်ခဲ့တဲ့ မြေငလျင်များ အကြောင်းလည်း သိပါရစေ။

ဖြေ။ ။ လွန်ခဲ့တဲ့ နှစ် ၁ဝဝ ခန့်က ရှမ်း ကုန်းမြေမြင့်အနောက်ခြမ်း ယခုပြင်ဦးလွင်နှင့် နောင်ချိုမြို့တို့  အနီးတစ်ဝိုက်မှာ အင်အားပြင်းမြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ၁၉၁၂ ခုနှစ် မေ ၂၃ ရက် အင်အားအနေဖြင့် ရစ်ခ်ျတာစကေး ၈ အဆင့်ရှိပါတယ်။ အဆိုပါ မြေငလျင်ကြောင့် ရှမ်းပြည်နယ် တစ်ခုလုံးအပြင် မန္တလေး၊ မိုးကုတ်၊ ရွှေဘို၊ စစ်ကိုင်း၊ မိတ္ထီလာ၊ မကွေး၊ ရမည်းသင်း၊ တောင်ငူ၊ ပဲခူးနှင့် ထိုင်းနိုင်ငံတောင်ပိုင်းအထိ တုန်ခါသွားစေပါတယ်။ အဆိုပြါေ မငလျင် မလှုပ်ခတ်မီ မတ် ၁၈ ရက်မှာ အင်အားပြင်း ရှေ့ပြေးမြေငလျင်တစ်ခု တစ်ကြိမ်လှုပ်ခတ် ခဲ့ပါတယ်။ နောက်ဆက်တွဲမြေငလျင် မလှုပ်ခတ်မီ မတ် ၁၈ ရက်မှာ အင်အားပြင်း ရှေ့ ပြေးမြေငလျင်တစ်ခု တစ်ကြိမ် လှုပ်ခတ်ခဲ့ပါ တယ်။ နောက်ဆက်တွဲမြေငလျင်များ အနေနဲ့ ထိုနှစ် သြဂုတ်လအထိ အကြိမ် ပေါင်းများစွာလှုပ်ခတ်ခဲ့ပါတယ်။ နောက် ၁၉၃ဝ ပြည့်နှစ် ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့် ပဲခူးမြေငလျင်နဲ့ ရစ်ခ်ျတာစကေး ၇ ဒသမ ၃ အဆင့် ဖြူးမြေငလျင်၊ ၁၉၃၁ ခုနှစ် ရစ်ခ်ျတာစကေး ၇ ဒသမ ၆ အဆင့်ရှိ ကာမိုင်းမြေငလျင်၊ ၁၉၄၆ ခုနှစ် ရစ်ခ်ျတာ စကေး ၇ ဒသမ ၅ အဆင့်ရှိ တကောင်း မြေငလျင်၊ ၁၉ ၄၆ ခုနှစ်နှင့် ၁၉၅၆ ခုနှစ် အင်အား ရစ်ခ်ျတာစကေး ၈ အဆင့်နှင့် ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့်ရှိ မြေင လျင်၊ ၁၉၇ဝ ပြည့်နှစ် မာကယ်လီစကေး အဆင့် ၇ ရှိ ရန်ကုန်မြေငလျင်၊ ၁၉၇၅ ခုနှစ် မာကယ်လီစကေး ၈ အဆင့် ပုဂံမြေငလျင်၊ ၁၉၇၈ ခုနှစ်  မာကယ်လီစကေး  ၇ နှင့် ၈ ကြားအဆင့်ရှိ ဒေးဒရဲမြေငလျင်၊ ၁၉၉၁ ခုနှစ် မာကယ်လီစကေး ၉ နှင့် ၁ဝ ကြားရှိ ရစ်ခ်ျတာစကေး  ၇ ဒသမ ၁ အဆင့်ရှိ တကောင်းမြေငလျင်၊ ၂ဝ ဝ၃ ခုနှစ် ရစ်ခ်ျတာ စကေး ၆ ဒသမ ၇ အဆင့်ရှိ တောင်တွင်းကြီး မြေငလျင်၊ ၂ဝ၁၁ ခုနှစ် ရစ်ခ်ျ တာစကေး ၇ အဆင့်ရှိ တာလေမြေငလျင်၊ ၂ဝ၁၂ ခုနှစ် ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ သပိတ်ကျင်းမြေငလျင်တို့   လှုပ်ခတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း မြေငလျင် လှုပ်ခတ်မှု  အင်အားပြင်းထန်မှု အနေဖြင့် စစ်ကိုင်းပြတ် ရွေ့ကြောင့် ဖြစ်ပေါ်လှုပ်ခတ်မှုက အင်အားပြင်းထန်တဲ့မြေငလျင်တွေကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် မြန်မာနိုင်ငံ မှာ လှုပ်ခတ်မှု အများဆုံးလည်း ဖြစ်ပါတယ်။

မေး။  ။ ဆရာ့အနေနဲ့ စာဖတ်ပရိသတ်တွေကို မြေငလျင်နဲ့ပတ်သက်လို့ သိသင့် သိထိုက်တဲ့အကြောင်း အရာလေး ပြောပေးပါ။

ဖြေ ။။ မြေငလျင်ဆိုတာကတော့ ဘယ်အချိန်မှာ လှုပ်မယ်ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး။ ကမ္ဘာမှာ မြေငလျင် ပညာရှင်တွေ အများကြီးရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဘယ်အချိန်၊ ဘယ်နေရာမှာ၊  ဘယ်တော့လှုပ်မယ်၊ အင်အားဘယ်လောက်နဲ့ လှုပ်မယ်ဆိုတာကို အခုထက်ထိ မခန့်မှန်းနိုင်ပါဘူး။ လှုပ်ဖို့တော့ ရှိပါတယ်။ ဘယ်တော့လှုပ်မယ်။ ဘယ်အချိန် လှုပ်မယ်။ အင်အားဘယ်လောက်လှုပ်မယ် ဆိုတာတော့ ဘယ်သူမှကြိုတင်ပြီးတော့ မခန့်မှ န်းနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို အကြံပေးချင်တာကတော့ မြေငလျင်လှုပ်တာကို ကြိုတင်မခန့်မှန်းနိုင်တဲ့အတွက် မြေငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရမယ့် အချက်များ၊ မြေငလျင်လှုပ်ရင် ဘယ်လိုနေထိုင်မယ်၊ မြေင လျင်လှုပ်ပြီးရင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ကျွန်တော်တို့ ဌာနနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ထုတ်ဝေတဲ့ အသိပညာ ပေးစာစောင်များနဲ့ မြန်မာ့အသံ၊ မြဝတီတို့မှ ထုတ်လွှင့်ပြ သတဲ့ မြေငလျင်လှုပ်ရှားစဉ်အချက်များ၊ မြေငလျင် လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များနှင့် မြေငလျင်လှုပ်ပြီး နောက်ဆက်တွဲ ဘေးအန္တရာယ်များကို သိရှိထားအောင် လေ့လာကြည့်ရှုပြီး ကြိုတင်ကာကွယ်နိုင်အောင် လုပ်ဆောင် သွားကြပါလို့ အကြံပေးချင်ပါတယ်။  ကျော်လွင်၊ ဇော်မျိုး(နေပြည်တော်)

Read 978 times
Rate this item
(0 votes)
Last modified on Thursday, 18 January 2018 10:02