SJ WorldNews - шаблон joomla Авто

SME လုပ်ငန်းချေးငွေ ရယူရန် တောင်းဆိုချက်များ တင်းကျပ်မှုများကြောင့် ချေးငွေရရှိမှုပိုင်း အားနည်းနေ

Thursday, 29 March 2018 15:10 Written by  font size decrease font size decrease font size increase font size increase font size

ပြည်တွင်း SME လုပ်ငန်းရှင်တွေအနေနဲ့ အဓိကရင်ဆိုင်နေရတဲ့    ပြဿနာတွေက    ဘာတွေလဲ။

SME လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို   စနစ်တကျနဲ့သေသေချာချာ မတည်ဆောက်ထားလို့ ပြိုင်ဘက်တွေများ လာရင်   သူတို့မယှဉ်ပြိုင်နိုင်ကြတော့ဘူး။ Micro Level ရဲ့ Legal ပိုင်းဆိုင်ရာ အားနည်းချက် အနည်းငယ်ကလည်း SME လုပ်ငန်း တွေကိုထိခိုက်စေတယ်။ နောက်ပြီး  သူ့ရဲ့ လုပ်ငန်း နယ်ပယ်ထဲမှာ  လုပ်ငန်းကိုစနစ်

တကျလုပ်ကိုင်မှု မရှိတာတွေကလည်း လုပ်ငန်းကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် တချို့  ရေရှည်မရပ တည်နိုင်တာ တွေရှိပါတယ်။

SME လုပ်ငန်းတွေ  ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်  အစိုးရအနေနဲ့  အဓိကပံ့ပိုးပေးဖို့ ဘာတွေလိုအပ်ပါသလဲ။

အစိုးရအနေနဲ့   အထူးသဖြင့်   နည်း ပညာပိုင်းတွေနဲ့  စီးပွားရေး စီမံခန့်ခွဲမှုပိုင်း တွေကိုလည်း ပံ့ပိုးပေးသင့် ပါတယ်။ နောက် တစ်ခုက ရင်းနှီးမြှုပ်နှံမှုပိုင်းတွေမှာ SME လုပ်ကိုင်သူတွေ   အားနည်း နေပါတယ်။  ချေးငွေလည်း နည်းနေပြီး  တကယ် လုပ်မယ့် လုပ်ငန်းရှင်တွေရဲ့ လက်ထဲရောက်အောင် ငွေကို ဘယ်လို ချေးပေးမလဲ ဆိုတာ လိုအပ်ပါ တယ်။

ချေးငွေချထားပေးတာတွေကရော SME လုပ်ငန်းတွေ အတွက် တကယ်ထိရောက်မှု ရှိနိုင်မလား။

ချေးငွေမရတာက လုပ်ငန်းရဲ့အားနည်း ချက်တွေလည်း ပါပါလိမ့်မယ်။  လောလောဆယ်  ချေးငွေရယူမယ် ဆိုရင် သူတို့ဘက်က လုပ်ပေးရမယ့်အချက်တွေက  တင်းကျပ် နေတာတွေရှိပါတယ်။ ဒီအချက်တွေ ကြောင့် လည်း ချေးငွေမရတာတွေပါနိုင်တယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့  သူတို့လုပ်ငန်း ကို  သေသေချာချာ  ပြင်ဆင်မှု မလုပ်ထားဘူး၊  နောက်ပြီး ချေးငွေယူမယ်ဆိုရင် ကိုယ့်ဘက် က ဘာတွေ လိုအပ်လဲ ဒါကိုမသိတာတွေရှိပါ တယ်။ ဒါနဲ့ပတ်သက်ပြီး  အသိပညာပေးမှု ပိုင်းတွေ မြှင့်တင်ဖို့လို အပ်ပါတယ်။ တချို့က SME   Member  ဝင်ရမှန်းမသိတာတွေ တောင်ရှိပါတယ်။

SME   Member ဝင်လိုက်ရင်ရော SME တွေအတွက်  ဘယ်လိုအကျိုးရလဒ် တွေရနိုင်မလဲ။

SME တွေအနေနဲ့ Member ဝင်လိုက် ရင် အခွန်ဆောင်ရမှာလားဆိုပြီး ဖြစ်နေကြ တယ်။ တချို့ဆို လုပ်ငန်းလုပ်တာ  လေးငါး ဆယ်နှစ်ရှိပြီ  လုပ်ငန်းလိုင်စင်မရှိသေးဘူး။   လိုင်စင်မရှိဘဲ      လုပ်နေတာ တွေရှိတယ်။ Member  ဝင်ထားရင်တော့ ချေးငွေချေးတဲ့ အခါ SME   Member ဖြစ်ရမယ်ဆိုတဲ့အချက် ပါပါတယ်။ ချေးငွေရယူဖို့အတွက် Member ဝင်တာ အထောက်အကူပြု နိုင်ပါတယ်။

ကုမ္ပဏီဥပဒေကရော   SME တွေ အတွက် အထောက်အကူဖြစ်နိုင်လား။

ကုမ္ပဏီဥပဒေထွက်လာတာက  SME လုပ်ငန်းတွေအတွက် ပိုပြီးခိုင်မာစေတယ်။ ကုမ္ပဏီမှတ်ပုံတင်ကြေး တွေ လျှော့ချတာက နောင်တစ်ချိန်မှာ တခြားနိုင်ငံက ကုမ္ပဏီတွေ နဲ့ချိတ်ဆက်ပြီး လုပ်ဆောင်ရ လွယ်ကူလာမယ်။ ကုမ္ပဏီ လိုင်စင်ကို အဆင်ပြေအောင်လုပ်ဆောင်လာနိုင်မယ်။ သတ်မှတ်ချက်တွေ လျှော့ချလိုက်တာက SME  လုပ်ငန်းတွေ အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။

တရားမဝင်  ကုန်သွယ်မှုတွေရဲ့အကျပ်အတည်းက SME လုပ်ငန်းတွေကို ထိခိုက် နိုင်လား။

တရားမဝင် ကုန်သွယ်မှုအကျပ်အတည်း တွေက SME  လုပ်ငန်းတွကို   အများကြီး ထိခိုက်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရား မဝင်  ကုန်စည်တွေဝင်လာတာက  လက်ရှိ လုပ်ငန်းတွေကို ထိခိုက်နိုင်တယ်။ တစ်ပြိုင် နက်တည်းမှာပဲ ဘာအားသာချက်တွေရှိလာ လဲဆိုတော့ ကိုယ့်ရဲ့ထုတ်ကုန်အရည်အသွေး ကောင်းလာဖို့အတွက် ဘာတွေလိုအပ်လဲ၊  ဘာတွေလုပ်ရမလဲ၊ သူတို့နဲ့မတူတဲ့ ထုတ်ကုန်တွေကို ဖော်ထုတ် လာနိုင်မယ်၊ သိလာမယ်။  ဒီအတွက် ကောင်းတာတွေ ရှိသလို မကောင်းတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံကို    အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC)  ဝင်ရောက်လာရင်  ဘာတွေပြင်ဆင် ထားသင့် လဲ။

 ပြင်ပက ဘယ်လောက်ပဲ ဝင်လာဝင်လာ ကိုယ့်နိုင်ငံက  SME တွေမှာ အားသာချက် ရှိတယ်။ အဲဒါဘာလဲ ဆိုတော့ ယုံကြည်မှုပဲ။ အဲဒီယုံကြည်မှုကို ဟိုဘက်ကလာတဲ့သူတွေ အနေနဲ့ ချက်ချင်းမရနိုင်ဘူး။ ကိုယ်တွေရဲ့  ကုန်စည်တွေက သုံးစွဲသူတွေနဲ့ ရင်းနှီးပြီး၊ ယုံကြည်ပြီးသားဖြစ်တယ်။ ဒါပေမဲ့ စနစ်တကျွ Run ဖို့တော့လိုတယ်။ ပြင်ဆင်ထားရမယ်။ SME  လုပ်ငန်းတွေ အနေနဲ့ သေသေချာချာ စနစ်တကျပြင် ဆင်ထားပါ။ အခုချိန်က လေ့လာလို့ အကောင်းဆုံးအချိန်ပါ။  လေ့လာ ရင်းနဲ့ ကိုယ့်ရဲ့ဝင်ငွေကို စနစ်တကျ လေးလုပ် ထားပါ။  နောက်ပြီး  ကိုယ်ရောင်းနေတဲ့ ထုတ်ကုန်တွေကိုလည်း အရည်အသွေးမြှင့် ထားပါ။  ဒါဆို   အာဆီယံစီးပွားရေးအသိုက် အဝန်း AEC ဝင်လာလည်း  ကြောက်စရာ မလိုတော့ပါဘူး။

 SME လုပ်ငန်းတွေ အစုစပ်လုပ်တာနဲ့ တစ်ဦးပိုင်လုပ်တာ   ဘယ်ဟာက   ပိုပြီး တိုးတက်မှုရှိလာနိုင်မလဲ။

SME လုပ်ငန်းတွေကို  အစုစပ်အနေနဲ့ လုပ်ကြတာတွေရှိပါတယ်။ အစုစပ်လုပ်ပြီး ပြိုကွဲသွားတာတွေ ရှိပါတယ်။   စနစ်တကျ မလုပ်ဘူးဆိုရင်တော့   ပြိုကွဲသွားတာတွေ ရှိနိုင်ပါတယ်။ တစ်ဦးတည်းပိုင် ကုမ္ပဏီတွေ က ပြဿနာ မရှိဘူး။ အစုစပ်လုပ်တဲ့ သူတွေ ကို ဥပဒေပိုင်းဆိုင်ရာ အသိပညာ ပေးသင့် တယ်။   ပေါင်းစပ်ပြီး လုပ်ရင်တော့  ကောင်းတာပေါ့။ ပိုပြီးတိုးတက်နိုင်တယ်။    

SME  လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အကြံပြုပြောချင်တာများရှိရင်  ပြောပြပေးပါဦး။

SME လုပ်ငန်းတွေ  ဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရရဲ့အထောက်အပံ့ကိုပဲ စောင့်နေ လို့မရပါဘူး။ အခုက တည်းက ကိုယ့်လုပ်ငန်း ကို စနစ်တကျတည်ဆောက်ထားပါ။ သေသေ ချာချာ လုပ်ထားသင့်ပါတယ်။ အထောက် အပံ့တွေမရမီ အခုကတည်းက ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေအောင်  လုပ်ဆောင် ထားပါ လို့ တိုက်တွန်းချင်ပါတယ်။

Read 101 times
Rate this item
(0 votes)
Last modified on Thursday, 29 March 2018 15:12