SJ WorldNews - шаблон joomla Авто

ခရီးသွား ပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနေသည့် ရွှေမန်းသူ အဝေးပြေး ခရီးသည် ပို့ဆောင်ရေး လုပ်ငန်း

Thursday, 05 April 2018 09:34 Written by  font size decrease font size decrease font size increase font size increase font size

ရွှေမန်းသူ အဝေးပြေးယာဉ်လိုင်းက ဘယ်နှလိုင်းရှိပြီး ကားအစီးရေ ဘယ်လောက်နဲ့ ပြေးဆွဲနေလဲဆိုတာ သိပါရစေ။

ရွှေမန်းသူအဝေးပြေး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းအနေနဲ့ ရန်ကုန်မြို့ကို အခြေပြုပြီး ပြေးဆွဲနေတာကတော့ လက်ရှိ ယာဉ်လိုင်း ၁၃ လိုင်းဖြစ်ပါတယ်။ အဲဒီယာဉ်လိုင်းတွေကတော့ ရန်ကုန် -နေပြည်တော်၊ ရန် ကုန်-ပုသိမ်၊ ရန်ကုန်-မော်လမြိုင်-ကျိုက္ခမီ၊ ရန်ကုန်-တောင်ကြီး၊ ရန်ကုန်-မုံရွာ၊ ရန်ကုန်-တောင်ငူ-ဆွာ၊ ရန်ကုန်-ပုဂံ-ညောင်ဦး-ပခုက္ကူ၊ ရန်ကုန် - ကျောက်ပန်းတောင်း - ဆိပ်ဖြူ၊ ရန်ကုန်-မိတ္ထီလာ၊ ရန်ကုန်-မြင်းခြံ၊ ရန်ကုန်-မကွေး၊ ရန်ကုန်-မန္တလေးနဲ့ ရန်ကုန်-ပြင်ဦးလွင်တို့ဖြစ်ပါတယ်။ ဒီဘက်မှာက ရန်ကုန်မှာ အခြေစိုက် ပြီးတော့ သက်ဆိုင်ရာဂိတ်ဖျားတွေကလည်း ဒီအ တိုင်းပဲ ပြန်ဆင်းကြတာဖြစ်ပါတယ်။ ကားအစီးရေကတော့ စုစုပေါင်း ၁ဝ၁ စီးရှိပါတယ်။

သင်္ကြန်ရုံးပိတ်ရက်မှာ လက်မှတ်တွေ ကြိုတင်ရောင်းချပေးနေတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း ရှင်းပြပေးပါဦး။

ကြိုတင်လက်မှတ် ရောင်းချပေးမယ့်ရက်ကတော့ ဧပြီ ၁ ရက်၊ ၂ ရက်၊ ၃ ရက်နဲ့ ၄ ရက်တွေပဲဖြစ်ပါ တယ်။တစ်ရက်တည်း ရောင်းပေးတာ မဟုတ်ပါဘူး။ ရောင်းပေးမယ့် ခရီးစဉ်တွေအတွက် လက် မှတ်ရုံရှေ့မှာ ဗီနိုင်းတွေနဲ့ နှစ်ပတ်လောက် အလိုကတည်းက အသိပေးထားတာပါ။ ဧပြီ ၁ ရက်မှာဆိုရင် ရန်ကုန် - ကျောက်ပန်းတောင်း - ဆိပ်ဖြူ၊ ရန်ကုန်-မြင်းခြံ၊ ရန်ကုန်-မိတ္ထီလာ၊ ရန်ကုန်-မကွေး၊ ရန်ကုန်-ပုဂံ-ညောင်ဦး-ပခုက္ကူ-ကမ္မ ယာဉ်လိုင်းတွေကို ရောင်းပေးတယ်။ ဧပြီ ၂ ရက်မှာ ရန်ကုန်-တောင်ငူ-ဆွာ၊ ရန်ကုန်-မော်လမြိုင်-ကျိုက္ခမီ၊ ရန်ကုန်-ပုသိမ် ဒီယာဉ်လိုင်းတွေ ရောင်းပေး တယ်။ သူ့ရက်နဲ့သူပေါ့။ ဧပြီ ၃ ရက်ဆိုရင် ရန်ကုန်-နေပြည်တော် ယာဉ်လိုင်းပါ။ အဲဒီယာဉ်လိုင်းက သင်္ကြန်မတိုင်ခင် အတွက်ရော သင်္ကြန်ပြီးရက်အတွက်ပါ ကျွန်တော်တို့က ရောင်းပေးရတာ။ သင်္ကြန်အပြီး ဧပြီ ၁၇ ရက်၊ ၁၈ ရက်နဲ့ ၁၉ ရက်တွေ အတွက်ပါ ကြိုတင်လက်မှတ် ရောင်းပေးရပါတယ်။

ကြိုတင်လက်မှတ်ကို ဘယ်လိုပုံစံတွေနဲ့ ရောင်းချပါသလဲ။

လက်မှတ်တစ်စောင်ချင်းမှာ သူ့မြို့နဲ့သူပဲ ခွဲရောင်းပေးတာဖြစ်ပါတယ်။ ငါးလိုင်းရောင်းချတဲ့ရက်ဆို လက်မှတ် ရောင်းတဲ့သူ ငါးယောက်ကခွဲထိုင်ပြီးတော့ ရောင်းချပေးတာပါ။ လက်မှတ်တစ်စောင်ချင်း မှာကိုပဲ ခရီးသည်ရဲ့ နာမည်၊ ခုံနံပါတ်ကအစ အားလုံးအသေးစိတ် ပါပါတယ်။ ကျွန်တော်တို့ဘက်ကလည်းစိစစ်၊ ဝယ်တဲ့သူတွေက လည်းပြန်စိစစ်ပေါ့။ အဲဒီအပြင် ကျွန်တော်တို့မှာ Sitting Plan ရှိတယ်။ ဒါကလည်း အဝေးပြေး ခရီးသည် ပို့ဆောင်ရေးအတွက် အဓိက အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ဒီ Sitting Plan မှာပါတဲ့အတိုင်းပဲ မှတ်ပုံတင်နံပါတ်တွေ ဖြည့်စွက်ပြီး အထူးခရီးသွား အာမခံကြေး ငွေကျပ် ၃ဝဝ ကို အောင်သစ္စာဦး အသက်အာမခံဌာနကို ပေးသွင်းရပါတယ်။ အခုတန်းစီ တဲ့အခါမှာ ကျွန်တော်တို့က မှတ်ပုံတင်ပါ ပြခိုင်းတယ်။ တကယ်စီးမယ့် ခရီးသည်နာမည်နဲ့ Plan မှာ တစ်ခါတည်း ရေးလိုက်တာ ဖြစ်ပါ တယ်။ အဲဒီအတွက် ကျွန်တော်တို့က သူ့သက်ဆိုင်ရာ အာမခံ လုပ်ငန်းကို ဒီ Plan ကို မိတ္တူဆွဲပြီး အပ်လိုက် ပါတယ်။ ခရီးသည်တွေကလည်း နိုင်ငံသား စိစစ်ရေးကတ်နဲ့ဆိုတော့ ကြားထဲကနေ ဖြတ်ဝယ်ပြီး မှောင်ခို ရောင်းတာကိုလည်း တားဆီးထိန်းသိမ်း ထားပါတယ်။ အဲဒီအပြင် ကျွန်တော်တို့က တစ်ယောက်လာဝယ်ရင်    နိုင်ငံသားစိစစ်ရေးကတ် သုံးခုအတွက် လက်မှတ်သုံးစောင်ပဲ ရောင်းပေးတယ်။ အပြင်မှာ လက်မှတ်တွေ ဖောင်းပွသွားတာမျိုး၊ တန်းစီပြီး ရောင်းစားတာမျိုးမဖြစ်အောင် အဆင့်ဆင့် ထိန်းထားပါတယ်။

သင်္ကြန်ရုံးပိတ်ရက်တွေမှာရော အရင်အတိုင်း ပြေးဆွဲပေးဖို့ အစီအစဉ် ရှိပါသလား။

သင်္ကြန်ကာလ အနေနဲ့ဆိုရင် နှစ်စဉ်ပဲ အကြိုနေ့ကစပြီး အတက်နေ့အထိ ယာဉ်အားလုံးက ရန်ကုန်ဂိတ်ရင်း ကနေမထွက်တော့ဘူး။ နှစ်ဆန်းတစ်ရက်နေ့မှ ပြန်ထွက်မှာပါ။ အလားတူပဲ  ဂိတ် ဖျားဖြစ်တဲ့ မြို့ကြီး ၁၃ မြို့မှာလည်း ဂိတ်မှူးတွေဆီမှာပဲ ရောက်ရှိယာဉ်အားလုံးက အဲဒီမှာ နားကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းက အစိုးရ ရုံးပိတ်ရက်တိုင်းမှာ ခရီးသွားတာ များတဲ့အတွက်ကြောင့်  ပိတ် ရက်မရှိပါဘူး။ ဒါပေမဲ့ သင်္ကြန်ကာလမှာ ရေပက်ခံထွက်ပြီး ပျော်ကြတဲ့အချိန် ဘတ်စ်ကားအကြီးကြီးတွေ လမ်းပေါ်မှာရှိနေခြင်းအားဖြင့် အကျိုးထက် အပြစ်ပိုများတဲ့အတွက်ကြောင့် သင်္ကြန်တွင်း နားလိုက်တာဖြစ်ပါတယ်။

ရွှေမန်းသူက ဟိုးအရင်ကတည်းက တစ်နှစ်လုံးမှာ ဒီရက်လေးပဲနားတာပါ။ နောက်ပြီး ဂိတ်ရင်းရောက်နေတဲ့ ကားတွေ၊ ယာဉ်အဖွဲ့တွေက နှစ်ဆန်းတစ်ရက်နေ့မှာ လိုအပ်ချက်အတိုင်း ပြန်ထွက်နိုင် ဖို့ ပြင်ဆင်စရာရှိတာအားလုံးကို သက်ဆိုင်ရာတာဝန်ခံတွေ၊ ဝပ်ရှော့တာဝန်ခံတွေက  အခုနားနေတဲ့ အချိန်လာပေးတဲ့ ကားတွေကို ဦးစားပေးစနစ်နဲ့ ပြင်ဆင်ဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။

ရွှေမန်းသူ အဝေးပြေး ယာဉ်လိုင်းအနေနဲ့ ယာဉ်မောင်းနေတဲ့ အချိန်လမ်းခရီးမှာ အန္တရာယ်မဖြစ်ဖို့ ဘယ်လို ပြင်ဆင်မှုတွေ ပြုလုပ်ထားပါသလဲ။

မိုင်နှုန်းအလိုက် ယာဉ်မောင်းနှစ်ယောက်ဆို နှစ်ယောက်ပါမှ လွှတ်တာပါ။ နောက်တစ်ခါ ကားကိုလည်း အခု ရောက်တာနဲ့ ပြန်ထွက်တဲ့စနစ်မျိုးနဲ့ မလုပ်ပါဘူး။ မူလထွက်ချိန်မှာပဲ အစီးရေ တိုးပေး လိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက ရန်ကုန်က ညနေငါးနာရီထွက်တယ်ဆိုရင် မုံရွာကနေ ငါးနာရီပဲ ထွက်မှာပါ။   မူလသုံးစီး ကနေ ပိုရောင်းပေးနိုင်လို့ လေးစီးဖြစ်တယ်ဆိုလည်း လေးစီးစ လုံး ငါးနာရီမှာပဲ ထွက်မှာပါ။ မုံရွာက ညနေ ၅ နာရီထွက်ရင် နောက်တစ်နေ့ နံနက် ၆ နာရီလောက်မှာ ရန်ကုန်ကိုရောက်တယ်။ ညနေ ၅ နာရီလောက်မှာ ရန်ကုန်က မုံရွာကို ပြန်ထွက် တယ်ဆိုတော့ ဒီယာဉ်မောင်းရော ဒီယာဉ်ပါ အနည်းဆုံး ခြောက်နာရီကျော် အနားယူပြီးသားဖြစ်ပါတယ်။ အနားယူချိန် လုံလုံလောက်လောက်ရှိတဲ့ အနေအထားပါ။

ယာဉ်ကို ပြင်ဆင်စရာရှိတယ်ဆိုလည်း ပြင်ဆင်ဖို့ အချိန်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ခရီးသည် ရောက်တယ်။ ပြည့်ပြီ ထွက်မယ်ဆိုတာမျိုး လုံးဝမရှိပါဘူး။သတ်မှတ်အချိန်အတိုင်းပဲ ထွက်ပါ တယ်။

ဧပြီ ၁၂ ရက်အထိ ပြေးဆွဲမယ်ဆိုတော့ ယာဉ်အစီးရေ ၁ဝ၁ စီးစလုံးကို ပြောတာလား။

မဟုတ်ပါဘူး။ အစီးရေ ၆ဝ လောက်ပဲထွက်မှာပါ။ ဟိုဘက်ဂိတ်ဖျားတွေက ဧပြီ ၁၂ ရက်မှာ ဘယ်နှစီးပြန် ဆင်းလာမလဲဆိုတာ တွက်ရပါတယ်။ အဲဒီအပြင် ထောက်ကားဆိုတာလည်း ရှိပါသေး တယ်။ ရှိသလောက် လည်း ဟိုဘက်တွေက ပေးမရောင်းဘူး။ မုံရွာ-ရန်ကုန်က သုံးစီးတင်ထားလို့ သုံးစီးစလုံး အဆင်းမခံပါဘူး။  အရန်ထားရပါတယ်။ ဒါကို ကားလောကမှာ ထောက်ကား လို့ခေါ် ပါတယ်။ တစ်စုံတစ်ရာရှိရင် လမ်းမှာ အကြောင်းအမျိုးမျိုး ဖြစ်တယ်ဆိုပါစို့။ အသေးအဖွဲဆိုရင် ယာဉ်မောင်းက သူ့ကျွမ်းကျင်မှု နဲ့ပြင်ဆင်ပြီး ဆက်ထွက်လိမ့်မယ်။ နည်းနည်း အချိန်ယူရမယ် ဆိုရင် ခရီးသည်တွေကို ထောက်ကားဆိုတာတွေက လိုက်လာပြီး ယာဉ်ချင်းလဲပေးပါတယ်။ ဒါကြောင့် အကုန်မထွက်ရတာ ဖြစ်ပါတယ်။ ဝန်းရံခ

Read 227 times
Rate this item
(0 votes)
Last modified on Thursday, 05 April 2018 09:52