SJ WorldNews - шаблон joomla Авто

ဝက်ခြံ ရောဂါ ဆိုသည်မှာ

Wednesday, 11 April 2018 11:47 Written by  font size decrease font size decrease font size increase font size increase font size

ဝက်ခြံအများဆုံး ပေါက်သည့်အရွယ်သည် အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်း လူပျို၊ အပျိုဖြစ်ခါစ အချိန်ဖြစ် ကြောင်း၊ ဝက်ခြံကိုလက်နှင့်ညှစ်ခြင်း၊ လက်ဖြင့်ကိုင်ခြင်း မလုပ်သင့်ကြောင်း၊ အနေ အထိုင်၊ အပြုအမူ၊ အစားအသောက်ကို ဂရုစိုက်မည်ဆိုရင် ကာကွယ်၍ ရနိုင်ကြောင်းကို မြဝတီ သတင်းစာဖတ် ပရိသတ်များ သိရှိစေရန်အတွက် ဒေါက်တာ ခင်မောင်လွင် (FAME) နှင့်တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။

မေး။။ဝက်ခြံရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲဆိုတာရယ်၊ဘာကြောင့် ဖြစ်လာရတယ် ဆိုတာရယ် အရင်ဆုံး ပြောပြပေးပါ။

ဖြေ။။ဝက်ခြံရောဂါဆိုတာ အရေပြားရောဂါထဲမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အရေပြားအတွင်းမှာ Sebaceous gland လို့ခေါ်တဲ့ အဆီအိတ်ငယ်လေးတွေ နေရာအနှံ့ရှိပါတယ်။ အဆီ အိတ်မရှိတဲ့နေရာဆိုလို့ လက်ဖဝါးနဲ့ ခြေဖဝါးပဲ ကျန်ပါတယ်။ဒီအဆီအိတ် ကလေးတွေဟာ အဆီတွေကို ထုတ်လုပ်ပြီး ပြွန်ငယ်ကနေတစ်ဆင့်များသော အားဖြင့် ဆံပင်နဲ့အရေပြားပေါ်မှာရှိတဲ့ အမွေးအမှင်တွေရဲ့ အရင်းကနေ ညှစ်ထုတ်ပေးလျက်ရှိပါတယ်။

ဒီလိုညှစ်ထုတ်ပေးတဲ့အတွက် ဆံပင်နဲ့အရေပြား အမွေးအမှင်များဟာ ဆီဆွတ်ထားသကဲ့သို့ဖြစ်ပြီး ပြင်ပ ရာသီဥတုဒဏ်ကြောင့် ခြောက်သွေ့ပျက်စီးခြင်းမဖြစ်ရလေအောင် ကာကွယ်ပေးထားတဲ့ တာဝန်ကို  ထမ်း ဆောင်ပါတယ်။ အရေပြားကိုအဆီလွှာပါးပါးနဲ့ အုပ်ထားသလိုဖြစ်တော့ ရာသီဥတုဒဏ်နဲ့ ပြင်ပကရောဂါ ပိုး မွှားတွေရဲ့ တိုက်ခိုက်မှုကနေလည်း ကာကွယ်ပေးပါသေးတယ်။ ဒါပေမဲ့အကြောင်း တစ်စုံတစ်ရာကြောင့်   အ ဆီထုတ်ပေးတဲ့ ပြွန်လေးတွေ ပိတ်သွားမယ်ဆိုရင်တော့ ဝက်ခြံရောဂါအဖြစ်ကို ရောက်ရှိသွားပါတယ်။

မေး။။ဒီအဆီပြွန်လေးတွေ ပိတ်သွားရုံနဲ့ ဝက်ခြံဖြစ်တာပဲလားဆရာ။ ဒီပြွန်တွေကရော ဘာကြောင့်ပိတ်သွားရ ပါသလဲဆရာ။

ဖြေ။။အဆီပြွန်ပိတ်ရုံနဲ့တော့ ဝက်ခြံလို့ခေါ်လို့ မရသေးပါဘူး။ ဝက်ခြံရောဂါ စစ်စစ်ဖြစ် ဖို့အတွက်အဆင့်လေး ဆင့်ရှိပါတယ်။

(၁)ပထမအဆင့်အနေနဲ့ အဆီအိတ်  ဂလင်းရဲ့ အဆီထုတ်ပေးတဲ့ပြွန်ငယ် ပိတ်သွားဖို့လိုပါတယ်။ အဲဒီလို ဖြစ်ရတာကလည်း ပြွန်ရဲ့နံရံမှာရှိတဲ့ ဆဲလ်လေးတွေ ပျက်စီးကြွေကျသွားလို့ဖြစ်ပြီး ဗီတာ မင်အေချို့တဲ့ရခြင်းဟာ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

(၂) ဒုတိယ အဆင့်အနေနဲ့ အဆီအိတ်အတွင်းမှာ အဆီဓာတ်တွေပိုမို ထုတ်လုပ်လာလို့ ဖြစ်ပါတယ်။  အဆီပြွန်ပွင့်နေရင်တော့ အကြောင်းမဟုတ်ပေမယ့် အဆီပြွန်ကျဉ်းနေမယ်၊ ပိတ်နေမယ်ဆို ရင်တော့ အဆီအိတ် တွေဖောင်းပြီး တင်းလာပါတယ်။ အဲဒီလိုအဆီတွေ ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးတဲ့အရာကတော့ အမျိုး သားဟော်မုန်းဖြစ်တဲ့ အင်ဒရိုဂျင် တွေပဲဖြစ်ပါတယ်။

(၃) တတိယအဆင့်အနေနဲ့ အဆမတန်များပြားလာတဲ့ အဆီတွေဟာ အရေပြားရဲ့ အပေါ်မျက်နှာပြင်ကို အဆီပြွန်ကနေ အတင်းတိုးထွက်ပါတယ်။ အဲဒီအခါမှာ အချို့လည်း အပြင်အပေါက်ဝအထိ ရောက်ပြီး လေ ထဲမှာရှိတဲ့ အောက်ဆီဂျင်နဲ့ထိတွေ့လို့ဓာတ်ပြုပြီး ((oxidation ဖြစ်ပြီး) မည်းသွားပါတယ်။ ဝက်ခြံထိပ်မှာ မည်းနေတဲ့ အဆန်လေးတွေ အနေနဲ့တွေ့ရတတ်ပါတယ်။ လေနဲ့လုံးဝမ ထိတွေ့ရင်တော့ အတွင်းမှာရှိတဲ့ အဆန်ဖြူလေးတွေကိုသာ တွေ့ရမှာဖြစ်ပါတယ်။

(၄) နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့အဆီအိတ်ထဲမှာ ဝက်ခြံရောဂါပိုးတွေ များများလာခြင်းပဲဖြစ်ပါတယ်။ အဲဒီပိုးတွေဟာ ဗက်တီးရီးယားတွေဖြစ်ပြီး Propionibacteriumacne လို့ခေါ်ပါတယ်။ ဒီဗက်တီးရီးယားတွေဟာ လေမဲ့အခြေအနေတွေမှာသာ ပေါက်ပွားနိုင်တာမို့ ပြွန်တွေပိတ်မှစပွားပါတယ်။ ဒီဗက်တီးရီးယားကနေ ထုတ်လိုက်တဲ့ အဆိပ်တွေကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့ တစ်သျှူးေ တွကို ရောင်ရမ်းစေပါတယ်။ ပိုဆိုးလာရင် နာကျင်မှုကိုပေးပါတယ်။အဲဒီအခါမှာတော့ ဝက်ခြံရောဂါအဖြစ်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

မေး။။ဝက်ခြံပေါက်တာ လူငယ်လူရွယ်တွေမှာ အများဆုံးတွေ့ရတာကရော ဘာကြောင့်ပါလဲဆရာ။

ဖြေ။။မှန်ပါတယ်။ ဝက်ခြံအဖြစ်အများဆုံး အရွယ်ဟာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အတွင်း လူပျို၊ အပျိုဖြစ် ခါစအချိန်ဖြစ်ပါတယ်။ ကလေးဘဝကနေ လူပျိုအပျိုဖြစ်လာရတာဟာ sex hormone တွေထွက်ရှိလာလို့ ဖြစ်ပါတယ်။ အမျိုးသားဆိုရင် Androgen လို့ခေါ်တဲ့ အဖိုဟော်မုန်းတွေ ထွက်ရှိလာပြီး အမျိုးသမီးဆိုရင် လည်း မဟော်မုန်း Estrogen တွေထွက်လာပါတယ်။ဝက်ခြံဖြစ်စေတဲ့ ဟော်မုန်းဟာ အဖိုဟော်မုန်း Androgen တွေဖြစ်လို့ ယောက်ျားလေးတွေမှာ ပိုဖြစ်လာရခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာက Estrogen က အဓိကဆိုပေမယ့် Androgen လည်းအနည်းငယ် ထုတ်လို့ အချို့သောသူတွေမှာ အထူးသဖြင့် သာမန် ထက်ပိုထွက်သူတွေမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ဟော်မုန်းဓာတ်ပြောင်းလဲ မှုဟာ ကျင့်သားရသွားတဲ့အတွက် ဝက်ခြံဖြစ်ပွားမှုနှုန်းလည်း လျော့နည်းသွားပါတယ်။ ၂၅ နှစ်ကနေ ၃၄ နှစ်အတွင်းမှာ ၈ ရာခိုင်နှုန်းသာဖြစ်ပြီး ၃၅ နှစ်မှ ၄၄ နှစ် အတွင်းဆိုရင် ၃ ရာခိုင်နှုန်းလောက်ပဲ ဖြစ်ပါတော့တယ်။

မေး။။ ခုနက ဆရာပြောသွားတဲ့အထဲမှာ ဗက်တီးရီးယားကြောင့်မို့ ဝက်ခြံဖြစ်တယ်လို့ ပြောပါတယ်ဆရာ။ အဲဒီဗက်တီးရီးယားတွေက ဘယ်ကနေဘယ်လို ရောက်လာသလဲဆိုတာ သိပါရစေ။

ဖြေ။။ ဒီ Propionibacterium acne ဆိုတဲ့ဗက်တီးရီးယားတွေဟာ ကျွန်တော်တို့ရဲ့ အရေပြားမှာ မွေးစက တည်းကနေ သေဆုံးတဲ့အချိန်အထိ အမြဲရှိနေတာဖြစ်ပါတယ်။ သာမန်အခြေအနေမှာ ဘယ်လိုမှဒုက္ခမပေး ပါဘူး။သူတို့ဟာနာမည်မှာပါတဲ့အတိုင်း ပရိုပီရောနစ်အက်စစ်ကို ထုတ်ပေးပါတယ်။ အဲဒီအက်စစ်တွေဟာ အရေပြားမှာရှိတဲ့ အဆီဂလင်းတွေကနေ ထုတ်လုပ်တဲ့အဆီ တစ်မျိုြး ဖစ်တဲ့ ဖက်တီးအက်စစ်တွေကို ချေဖျက်ပြီး ကျဲအောင်ပြုလုပ်ပေးတဲ့ တာဝန်ကို ထမ်းဆောင်ပါတယ်။

ကလေးဘဝမှာတုန်းကတော့ အရေအတွက်နည်းပါတယ်။ တစ်စတုရန်းစင်တီမီတာမှာ ၁ဝ ကောင်လောက်ပဲ ရှိပါတယ်။လူပျို၊ အပျိုဖြစ်ခါနီးမှာ အရေအတွက်ဟာ တစ်စတုရန်းစင်တီမီတာမှာ တစ် သန်းလောက်အထိ များပြားလာပါတယ်။ ဒါကြောင့်လည်း ဝက်ခြံပေါက်ဖို့ အလားအလာများရခြင်း ဖြစ်ပါတယ်။ ဒီဗက်တီးရီးယား တွေဟာ အဆီထဲမှာသာ နေတာဖြစ်တော့ အဆီပြန်လေ့ရှိတဲ့ မျက်နှာမှာသာ အများဆုံး တွေ့ရတတ်ပါတယ်။  ပြီးတော့ရင်ဘတ်အထက်ပိုင်းနဲ့ ကျောကုန်းအထက်ပိုင်းတွေမှာလည်း ရှိပါတယ်။ ဒီနေရာတွေမှာ အဆီပြွန် ပိတ်သွားရင်တော့ လေမဲ့အခြေအနေကို ရရှိသွားတဲ့အတွက် ဗက်တီးရီးယားတွေဟာ တစ်ဟုန်ထိုးများပြားလာပြီး ဝက်ခြံကို ပိုဆိုးစေနိုင်ပါတယ်။

မေး။။ ဒီဗက်တီးရီးယားပိုးတွေဟာ ဝက်ခြံပေါက်တဲ့နေရာမှာပဲ အမြဲနေပါသလား။ ခန္ဓာကိုယ်ရဲ့ အခြားနေရာ တွေကိုရော ဒုက္ခပေးနိုင်ပါသလား။

ဖြေ။။ သာမန်အားဖြင့်တော့ ဝက်ခြံပေါက်တဲ့နေရာမှာပဲ နေလေ့ရှိပါတယ်။ ဒါပေမဲ့ ဝက်ခြံကိုလက်နဲ့ ညှစ်လို့ပဲဖြစ်ဖြစ်၊ သွားကိုင်တွယ်လို့ပဲဖြစ်ဖြစ် သွေးကြောထဲကိုရောက်သွားပြီး အဲဒီကမှတစ်ဆင့် တစ်ကိုယ်လုံးကို ကူး စက်ရောက်ရှိနိုင်ပါတယ်။

ဥပမာ- ဝက်ခြံကိုင်ပြီးတဲ့လက်နဲ့  မျက်စိကိုပွတ်မိရင်  မျက်စိရောင်ရမ်းပြီး မျက်ကြည်လွှာ ပျက်စီးတဲ့အထိ ထိခိုက်နိုင်ပါတယ်။

- သွေးထဲမှာပြန့်သွားခဲ့ရင် အချို့နှလုံး အဆို့ရှင်တွေ မကောင်းတဲ့သူတွေမှာ အဆို့ရှင်တွေကို ပိုပျက်စီးစေ နိုင်ပါတယ်။

- ဦးနှောက်ထဲကို ပျံ့နှံ့ရောက်ရှိခဲ့ရင် ဦးနှောက်ပြည်တည်တာတို့ အမှေးရောင်တာတို့ ဖြစ်တတ်ပါတယ်။

- အရိုးအဆစ်တွေကိုရောက်ရင် septic arthritis လို့ခေါ်တဲ့ အရိုးအဆစ်တွေ ပြည်တည်ပြီးရောင်ရမ်းတာ မျိုးဖြစ်တတ်ပါတယ်။

ဒါကြောင့် ဝက်ခြံဆိုပြီးပေါ့ပေါ့ဆဆနဲ့ လက်နဲ့မကိုင်မိဖို့ အထူးပဲ အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ ဆိုရင်တော့ ပိုဆိုးတာပေါ့။

မေး။။ ဆရာ့အနေနဲ့ နေရောင်ခြည်နှင့် ကျန်းမာရေး အကြောင်းပြောခဲ့တုန်းက ဝက်ခြံရောဂါလည်း နေ ရောင်ခြည်နဲ့ ဆက်စပ်နေတယ်လို့ပြောခဲ့တာလေးလည်း ထပ်ပြီးရှင်းပြပေးပါဦး ဆရာ။

ဖြေ။။ မှန်ပါတယ်။ သဘာဝနေရောင်ခြည်ဟာ ကျွန်တော်တို့ လူသားတွေ အပါအဝင် သက်ရှိသတ္တဝါအတော် များများအတွက် မရှိမဖြစ်လိုအပ်လှပါတယ်။ နေရောင်ခြည်ချို့တဲ့ ရင်ဖြစ်လာနိုင်တဲ့ ရောဂါတွေထဲမှာ ဝက်ခြံ ရောဂါဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတော့ အီကွေတာနဲ့နီးတော့ တစ်နှစ်ပတ် လုံးနေရောင်ခြည်ကောင်းစွာရလို့ ဝက်ခြံရောဂါဖြစ်ပွားတဲ့နှုန်း လည်း လျော့နည်းသလို ဖြစ်ရင်လည်းသိပ် ဆိုးဆိုးဝါးဝါး ဖြစ်လေ့မရှိပါဘူး။ဥရောပနိုင်ငံတွေနဲ့ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းဒေသမှာ နေရတဲ့သူတွေဟာ ဆောင်း တွင်းကာလမှာ နေရောင်ခြည်ကောင်းစွာ မရတဲ့အတွက် ဝက်ခြံတွေ ပေါက်လေ့ရှိပါတယ်။အဲလိုအခါမျိုးမှာ ဆေးရုံတွေ၊ ဆေးခန်းတွေမှာ သဘာဝ နေရောင်ခြည်အစား အလင်းရောင်တွေကို အသုံးပြုပြီး ကုသပေးလေ့ ရှိပါတယ်။

မေး ။။ ဘယ်လိုမျိုးအလင်းရောင်တွေနဲ့ ကုသတာပါလဲဆရာ။

ဖြေ ။ ။ သဘာဝနေရောင်ခြည်မှာ ရောင်စဉ် ခုနစ်မျိုးပါပါတယ်။လှိုင်းအလျား ၃၈ဝ ကနေ ၇၄ဝ nm အတွင်းမှာရှိပြီး VIBGYOR နဲ့သင်္ကေတပြုမှတ်သားရပါတယ်။ ဒါပေမဲ့ ဒီရောင်စဉ်အားလုံးကတော့ ဝက်ခြံအတွက် အကျိုးရှိစေတာမဟုတ်ပါဘူး။အဲဒီအထဲက လှိုင်းအလျား ၄၁ဝ- ၄၄ဝ nm ရှိတဲ့ အပြာရောင်ရယ် ၇၁ဝ- ၇၄ဝ nm ရှိတဲ့အနီရောင်ရယ်ဖြစ်ပါတယ်။ အပြာရောင်ဟာ ဗက်တီးရီး ယားပိုးတွေကို သေစေနိုင်တဲ့အာနိသင် ရှိပြီး အနီရောင်ကတော့ရောင်ရမ်းမှုတွေကို လျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် သဘာဝနေ ရောင်ခြည် မရတဲ့အခါကျရင် အပြာရောင်နဲ့ အနီရောင်မီးချောင်းများ ပြသပြီး ကုသနိုင်ပါတယ်။

မေး ။ ။ ခရမ်းလွန်ရောင်ခြည်ကရော ဘယ်လိုနေပါသလဲ ဆရာ။

ဖြေ။ ။ ခရမ်းလွန်ရောင်ခြည် သုံးမျိုးဖြစ်တဲ့ UV-A, UV-B နဲ့ UV-C တို့အနက် UV- A တစ်မျိုးသာ ကျွန်တော် တို့ရဲ့ကျန်းမာရေး အတွက်ကောင်းပါတယ်။ ဒါကြောင့်ဝက်ခြံပေါက်သူမှာ နေရောင်ခြည် ခံရင် နံနက်ပိုင်း နေထွက်ပြီး နှစ်နာရီအတွင်း တစ်နေ့ မိနစ် ၃ဝ လောက်ဆိုရင် လုံလောက်ပါတယ်။

နေမြင့်လာရင် UV -B တွေပါလာလို့ ဝက်ခြံကိုပိုဆိုးစေပါတယ်။ ဒါကြောင့် နေပူထဲသွားရင်တော့ ထီးတို့၊ ဦးထုပ်တို့ ဆောင်းထားသင့်ပါတယ်။

မေး။။ ဝက်ခြံရောဂါဟာ မျိုးရိုးဗီဇပေါ်ရော မူတည်ပါသလား ဆရာ။

ဖြေ။။ ဝက်ခြံသုတေသီတွေရဲ့ အဆိုအရ မျိုးရိုးဗီဇပေါ်လည်း မူတည်တယ်လို့ သိရပါတယ်။ ဥပမာ ဂျပန် လူမျိုးတွေဟာ ဝက်ခြံဖြစ်ပွားမှု အလွန်နည်းပါတယ်။အနောက်ဥရောပ နိုင်ငံမှာနေတဲ့ လူမျိုးေ တွကတော့ ဝက်ခြံဖြစ်ပွားမှု ပိုများပါတယ်။ တစ်နိုင်ငံထဲမှာတောင်မှ မိသားစုထဲမှာ အဖေလုပ်တဲ့ သူငယ်ငယ်က ဝက်ခြံ ပေါက်တာများခဲ့ရင် သားဖြစ်တဲ့သူလည်း ပိုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝက်ခြံဟာမျိုးရိုး ဗီဇနဲ့ဆိုင် တယ်လို့ ပြောမယ်ဆိုရင်လည်း ရပါတယ်။

မေး။။ ဝက်ခြံရောဂါ မဖြစ်အောင် ကာကွယ်လို့ရော ရပါသလား ဆရာ။

ဖြေ။။ ဝက်ခြံရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကို သေသေချာချာနားလည်ပြီး အနေအထိုင်၊ အပြုအမူ၊ အစားအသောက်ကို ဂရုစိုက်မယ်ဆိုရင် ကာကွယ်လို့ရနိုင်ပါတယ်။ ရာနှုန်းပြည့် မဟုတ်ေ တာင် ဖြစ်ရင် လည်းနည်းနည်းသာ ဖြစ်မှာမို့လို့ လူတိုင်းကာကွယ်သင့်တဲ့ ရောဂါတစ်ခုလို့ ပြောလို့ရပါတယ်။မြဝတီ

 

Read 371 times
Rate this item
(1 Vote)
Last modified on Wednesday, 11 April 2018 11:51