SJ WorldNews - шаблон joomla Авто

နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်မှ တာဝန်ရှိသူတို့၏ အာဇာနည်နေ့နှင့် ပတ်သက်၍ စကားသံများ

Thursday, 19 July 2018 10:22 Written by  font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့သည် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ် ဇာတိဖြစ်သည်။ နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း၌ ယခင်က ဦးဖာနှင့် ဒေါ်စု လက်ထက်ကတည်းက ဆောက်လုပ်နေထိုင်ခဲ့ပြီး ၁၉၁၅ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ ဗိုလ်ချုပ်နေထိုင်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ ဖခင်ဦးဖာကွယ်လွန်ပြီးနောက် ဗိုလ်ချုပ်၏ အစ်ကိုဖြစ်သူ ဦးနေအောင်က မိခင် ဒေါ်စုနှင့် အတူဆက်လက်နေထိုင်ခဲ့ပါသည်။ ၁၉၇ဝပြည့်နှစ်တွင် ဦးနေအောင်ကွယ်လွန်ပြီးနောက် ၎င်း၏ သားဖြစ်သူ ဦးအောင်မြင့်သိန်းက ဆက်လက်နေ ထိုင်ခဲ့ကာ ၁၉၇၃ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် နိုင်ငံတော် သို့လှူဒါန်းခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းပြီး ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အဖြစ် ပြသထားရှိသည်။

အဆိုပါ ဗိုလ်ချုပ်နေအိမ်ပြတိုက်တွင် အနယ်နယ်အရပ်ရပ်မှ လေ့လာသူများနှင့် အထူးစည်ကားနေသကဲ့သို့ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၁) နှစ်မြောက်အာဇာနည်နေ့အတွက် ပြင်ဆင်မှု များပြုလုပ်နေကြသည်ကိုတွေ့ရှိခဲ့ရသည်။ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် ပြင်ဆင်ထားရှိမှုများနှင့် လာရောက် လေ့လာ သူများ၏ စကားသံများကိုလည်း အောက်ပါအတိုင်း ကြားသိခဲ့ရသည်-

ဦးထွန်းထွန်းလွင်၊ လင်ထောက်ညွှန်ကြားရေးမှူး အမျိုးသားပြတိုက်(နေပြည်တော်)

ဗိုလ်ချုပ်နေအိမ်ကို ၁၉၇၃ ခုနှစ်မှာ ဗိုလ်ချုပ်အမျိုးဖြစ်တဲ့ ဦးအောင်မြင့်သိန်းက နိုင်ငံတော်ကို လှူဒါန်းခဲ့ပါ တယ်။ယဉ်ကျေးမှုဝန်ကြီးဌာနကနေ လက်ခံလိုက်ပြီးထိန်းသိမ်း စောင့်ရှောက်ဖို့ လုပ်ပါတယ်။ အဲ့လိုလုပ်နေ တုန်း ၁၉၇၄ ခုနှစ်မှာ ဗိုလ်ချုပ်နေအိမ်ရှိတဲ့ အောင်ဆန်းရပ်ကွက်မီးလောင်ပြီး ဗိုလ်ချုပ်နေအိမ်လည်း မီးထဲပါ သွားခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်နေအိမ်ကိုသူ့ရဲ့ မူရင်းပုံစံအတိုင်း ပြန်လည်တည် ဆောက်ပြီးတော့ ၁၉၈၃ ခုနှစ်မှာ ယဉ်ကျေးမှု ဝန်ကြီးဌာနကို ပြန်လည်အပ်နှံခဲ့ပါတယ်။

နေအိမ်ပြတိုက်အတွင်းက ပစ္စည်းတွေကို တဖြည်းဖြည်းချင်း ပြန်လည်စုဆောင်းရပါတယ်။ ဗိုလ်ချုပ်နေအိမ်ထဲ မှာပဲ ပြကွက်တွေကို ပြုလုပ်ရပါတယ်။ ဗိုလ်ချုပ်မွေးဖွားတာကနေစပြီးတော့ ကျောင်းနေ တဲ့အရွယ်၊ တက္က သိုလ်တက်တဲ့အချိန်၊ နိုင်ငံရေးလုပ်တဲ့အချိန်၊ နောက်ဆုံးဗိုလ်ချုပ်ကျဆုံးတဲ့ အချိန်ထိအောင် ဓာတ်ပုံတွေ စုဆောင်းပြသခဲ့ပါတယ်။

အခုနှစ်မှာတော့ အရင်နဲ့မတူအောင် ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ ဆုရကဗျာ၊ ပန်းချီ၊ဆောင်းပါး လေးတွေကိုလည်း ပြသပါမယ်။ နောက်တစ်ခုကတော့ ဇူလိုင် ၁ဝ ရက်မှာ နတ်မောက်မြို့မှ ဆရာကြီး တစ်ဦးက ဗိုလ်ချုပ်ရဲ့လက်ရေးမူစာအုပ်ကို ကျွန်တော်တို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနကို လှူဒါန်းထားပါတယ်။ဗိုလ်ချုပ်ရဲ့ ရှားပါးတဲ့ တကယ့်လက်ရေးမူနဲ့ လက်မှတ်တွေပါနေပါတယ်။ ဗိုလ်ချုပ်ရှစ်တန်းကျောင်းသားဘဝ ရေနံချောင်း အမျိုးသားကျောင်းမှာ တက်ခဲ့တုန်းက သင်ခဲ့တဲ့ သင်ရိုး စာအုပ်ပါ။

စာအုပ်က နှစ်တစ်ရာနီးပါးရှိပြီဆိုတော့ ဆွေးနေလို့ သူ့ရဲ့မူရင်းစာရွက်ငါးမျက်နှာကို ရှေးဟောင်းသုတေသန ဌာနက Scan ပြန်ဖတ်ပြီးတော့ ပြသဖို့စီစဉ်ထားပါတယ်။ နောက်ထပ်တစ်ခုကတော့ အရင်မလုပ်ဖူးသေးတဲ့ ဗိုလ်ချုပ်ရဲ့အကြောင်းကို လက်ကမ်းစာစောင်လေး နှစ်သောင်း လုပ်ထားပါတယ်။ လေ့လာတဲ့သူတွေကို တတ်နိုင်သလောက် ဝေသွားပေးဖို့ စီစဉ်ထားပါတယ်။ အိမ်ပေါ် ကိုတော့ လူဦးရေ ၃ဝ ကနေ ၅ဝ အထိ တက်ခွင့်ပေးဖို့စီစဉ်ထားပါတယ်။ ဒါကလည်းအိမ်က နှစ်တွေအရမ်းကြာနေပြီဖြစ်တဲ့အတွက် အရမ်းခံနိုင်ရည် အားမရှိတော့ပါဘူး။ အဲဒါကြောင့် လူအေ ယာက် ၅ဝ လောက် တစ်သုတ်တက်ခိုင်းမယ်။ အဲဒီ ၅ဝ ကြည့်ပြီးရင် ဆင်းခိုင်းပြီး နောက် ၅ဝ ထပ်တက်ခိုင်းဖို့ စီစဉ်ထားပါတယ်။

ဦးဝင်းမော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး နတ်မောက်မြို့

(၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ဖို့ ဦးစီးကော်မတီတွေ၊ ဆပ်ကော် မတီတွေ အသီးသီးဖွဲ့စည်းပါတယ်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နှစ်ကြိမ်ကျင်းပပါတယ်။ ဒီနှစ်မှာ အရင် နှစ်နဲ့မတူအောင် ဆရာတော်ကြီးတွေ ပင့်ဖိတ်ပြီးတော့ ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်ချအမျှအတန်း ပေးဝေဖို့ စီစဉ်ထားပါတယ်။ တက်ရောက်လာတဲ့ ပြည်သူလူထုကိုလည်း လက်ဖက်ရည်၊ ပဲနံပြားနဲ့ ဧည့်ခံပါ မယ်။ အခမ်းအနားကို အရင်နှစ်တွေက နံနက် ၇ နာရီလောက်မှာ ကျင်းပပေမယ့် ဒီနှစ်မှာတော့ နံနက် ၆ နာရီကနေစပြီး ကျင်းပပါမယ်။ နံနက် ၈ နာရီခွဲမှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းသူ့ပန်းခွေနဲ့ ဂါရဝပြုပြီး ၁ဝ နာရီမှာ ခဏနားပေးပါမယ်။ ၁ဝ နာရီခွဲမှာ အခမ်းအနား ပြန်စတင်ပြီးတော့ ၁ဝ နာရီ ၃၇ မိနစ်မှာ ဝမ်း နည်းခြင်းအထိမ်းအမှတ် ငြိမ်သက်စွာ တစ်မိနစ်နေပေးပါမယ်။ အဓိကကတော့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ကို လာတဲ့သူတွေ အဆင်ပြေပြေနဲ့ကြည့်ရှုနိုင်ဖို့ မနှစ်ကထက် ပိုပြီးကောင်းမွန်စွာ စီမံ ထားပါတယ်။ နိုင်ငံခေါင်းဆောင်အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ (၇၁) နှစ်မြောက် အာဇာနည် နေ့အခမ်းအနားမှာ ပြည်သူလူထု၊ ကျောင်းသားလူငယ်တွေရဲ့ရင်ထဲမှာ မျိုးချစ်စိတ်တွေ ကိန်းအောင်းဖို့အ တွက် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် ရပ်ကွက်၊ ကျေးရွာကော်မတီတွေ ပေါင်းစပ်ပြီးတော့ ကြိုတင် နှိုးဆော်ဆောင်ရွက်ထားပါတယ်။

ဒုတိယရဲမှူး ကျော်ကျော်စိုး၊ မြို့မရဲစခန်း နတ်မောက်မြို့

အာဇာနည်နေ့အတွက် လုံခြုံရေးကတော့ ကျွန်တော်တို့တိုင်းတပ်ဖွဲ့မှူးကနေ ဦးစီးဆောင်ရွက်တာဖြစ်ပါ တယ်။ တပ်ရင်း၊ တပ်ဖွဲ့မှ အရာရှိ ၂၄ ဦး၊ အခြားအဆင့် ၁၁၄ ဦး စုစုပေါင်း ၁၃၈ ဦးနဲ့ စတင်ဆောင် ရွက်နေပါပြီ။ ဇွန် ၂ဝ ရက်ကတည်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။ အာဇာနည်နေ့ ကျရင်တော့ ဒီထက် ပိုပြီး စနစ်တကျနဲ့ ဆောင်ရွက်သွားမှာပါ။ အာဇာနည်နေ့မှာ ဆောင်ရွက်ရမယ့်အပိုင်းကတော့ နှစ်ပိုင်းရှိပါ တယ်။ လွတ်လပ်ရေးကျောက်တိုင်မှာ ဆောင်ရွက်ရမယ့်အပိုင်းနဲ့ ပြတိုက်မှာ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်ပါ တယ်။

အာဇာနည်နေ့မှာ ပြတိုက်ကို နံနက် ၆ နာရီကနေစပြီး ဖွင့်ပါမယ်။ ပြတိုက်စစ်ဆေးရေးဂိတ်မှာ ယောက်ျား လေးဝင်ပေါက်နဲ့ မိန်းကလေးဝင်ပေါက် ခွဲထားပါတယ်။ အိမ်ရဲ့ခံနိုင်ရည်အားကြောင့် လူအယောက် ၅ဝ တစ်ဖွဲ့စီတင်ပေးပါမယ်။ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဆက်တိုက်တင်ပေးသွားနိုင်အောင် လုပ်ပါမယ်။ လွတ်လပ်ရေး ပန်းခြံကတော့ မနက်ခင်းမှာ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုပါမယ်။ အလေးပြုပြီး လွမ်းသူ့ပန်း ခွေချပြီးတော့မှ တစ်နေ့လုံးအတွက် လုံခြုံရေးပိုင်းကို ဆက်ပြီး ဆောင်ရွက်ပါမယ်။ ပြတိုက်ကိုလာတဲ့ အခါမှာလည်း လမ်းအခက်အခဲကြောင့် အဝင်ေ ပါက်ကနေပြီးတော့ ကားတွေကို အပြင်ဘက်ဘေးနားမှာပဲ ရပ်ဖို့ စီစဉ်ပေးထားပါတယ်။ အထဲကိုတော့ လမ်းလျှောက်ဝင်လာပြီး ဒုတိယစိစစ်ရေးဂိတ်မှာ လူတွေကို ပြန်စိစစ်ပါမယ်။

မောင်ဇွဲမာန်ထူး( စတုတ္ထနှစ် သမိုင်း အထူးပြု မိတ္ထီလာတက္ကသိုလ်)၊ လေ့လာသူ

ကျွန်တော်တို့ အခု ဗိုလ်ချုပ်နေအိမ်ပြတိုက်ကို လေ့လာရေးလာတာပါ။ ကျွန်တော်တို့အဖွဲ့က လူနှစ်ရာကျော် လောက်ပါပါတယ်။ ဗိုလ်ချုပ်နေအိမ်ကို ငယ်ငယ်ကတည်းက အရမ်းရောက်ဖူးချင်ပေမယ့် အကြောင်းကြောင်း ကြောင့် တစ်ခေါက်မှမရောက်ဖြစ်ခဲ့ပါဘူး။ အခုလိုဗိုလ်ချုပ်နေအိမ်ကို သွားရောက်လေ့လာရမယ်ကြားတော့ အတိုင်းမသိပျော်ရွှင်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေ ဗိုလ်ချုပ်နေ အိမ်ပေါ်ကို တက်တော့ လေးဖွဲ့ခွဲ တက်ရပါတယ်။

လူ ၅ဝ ပဲတက်ခွင့်ပြုပါတယ်။ အိမ်ရဲ့ခံနိုင်ရည်အားကြောင့်လို့ပြောပါတယ်။ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းလေးတွေနဲ့ ဓာတ်ပုံလေးတွေတွဲပြီး ပြသထားတာကိုလည်း တွေ့ရပါတယ်။ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းလေးတွေ ဖတ်ရင်း၊ ဓာတ်ပုံ တွေကြည့်ရင်းနဲ့ ဗိုလ်ချုပ်ကိုလေးစားတဲ့စိတ်၊ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို ဆုံးရှုံးသွားရလို့ နှမြောတဲ့စိတ်၊ ယူကျုံးမရတဲ့စိတ်တွေလည်း ခံစားရတယ်။ နေအိမ်ရဲ့တောင်ဘက် ပန်းခြံထဲမှာ လည်း ကဗျာလေးတွေ ကပ် ထားတဲ့အတွက် ကဗျာချစ်တဲ့ကျွန်တော်တို့လို လူတွေအတွက်လည်း အရမ်းအဆင်ပြေပါတယ်။

ဗိုလ်ချုပ်နေလာခဲ့တဲ့နေရာကို လေ့လာခွင့်ရလို့ ဝမ်းသာမိပါတယ်။ သေသေချာချာလည်း လေ့လာမှတ်သားခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့အိမ်ကိုတော့ မြန်မာနိုင်ငံသားတိုင်း ရောက်ဖူးသင့်တယ် လို့ထင်ပါတယ်။ ဒါမှ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်တွေ၊ ခံယူချက်တွေ၊ မိန့်ခွန်းတွေကို တွေ့ရတော့ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေကို ခံစားမိပြီး မျိုးချစ်စိတ်ဓာတ်တွေ ပိုပြီးတိုးပွားလာ မယ်လို့ ထင်ပါတယ်။ မရောက်ဖူး သေးတဲ့သူတွေလည်း လာရောက်လှည့်ဖို့ ပြောချင်ပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်တွေအတွက် အထူးလေ့လာသင့်တဲ့နေရာဖြစ်လို့ လာရောက်လေ့လာ ဖို့ တိုက်တွန်းချင်ပါတယ်။

ဦးမျိုးခိုင် (ပြခန်းတာဝန်ခံ)

ဒီပြခန်းမှာ တာဝန်ခံအနေနဲ့ဆောင်ရွက်နေပါတယ်။ စိမ်းလန်းစိုပြည်ရေးအတွက် ဇူလိုင် ၇ ရက်ကနေစပြီးတော့ နတ်မောက်ကဘော်ဒါကျောင်းသားတွေ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့၊ ဘုန်းတော်ပြည့်ကျေးရွာက ပရဟိတအဖွဲ့၊ နတ်မောက်ကွန်ရက်အဖွဲ့တွေ ပေါင်းပြီးတော့ ဗိုလ်ချုပ်အိမ်မှာ သန့်ရှင်းရေး လုပ်ပါတယ်။ နေရာချထားရေးအတွက် အဲဒီနေ့ကတည်းက တစ်ခါ တည်းစပြီး လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကဆို ကျွန်တော်တို့ခြောက်ခန်းပဲ ပြနိုင်တယ်။ အခုနှစ်ကျတော့ ရှစ်ခန်းပြသွားပါမယ်။ 3D ပုံစံလေးတွေ၊ နည်းနည်းလေးဆန်းသစ်တဲ့ ပုံစံလေးတွေကို ကျွန်တော် တို့ကြိုးစားပြီး လုပ်ထားပါတယ်။ ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့ဆိုရင်တော့ လူကသောင်းချီပြီးလာပါတယ်။ အခုပြခန်းမှာဆိုရင် ကဗျာချစ်တဲ့အဖွဲ့တွေပါတယ်၊ ကျောင်းသားလေးတွေပါတယ်၊ နတ်ေ မာက်ကွန်ရက်လည်း ပါပါတယ်။ အားလုံးဝိုင်းပြီးကူကြပါတယ်။ အခုအာဇာနည်နေ့မှာ ဗိုလ်ချုပ်မိန့်ခွန်းထဲက ကောက်နုတ်ချက်လေးတွေ ထုတ်ထားတာ ၁၆ ချက်ကိုပြထား တာလေး ဒီနှစ်အသစ် တိုးပါတယ်။ကျောင်းသားလေးတွေကိုလည်း အာဇာနည်နေ့နဲ့ပတ်သက်တဲ့ ကဗျာ၊ ဆောင်းပါးတွေကိုလည်း ပြိုင်ခိုင်းထားပါတယ်။ အဲဒီကနေရွေးချယ်ထားတဲ့ ပထမ၊ ဒုတိယ၊ တတိယကိုလည်း ကလေးတွေရဲ့ လက်ရေးမူအတိုင်း ဗွီနိုင်းထုတ်ပြီးပြသသွားဖို့ စီစဉ်ထားပါတယ်။ လင်းကြည်လင်း ဓာတ်ပုံ- တင်ဆန်းဦး

Read 92 times
Rate this item
(0 votes)
Last modified on Thursday, 19 July 2018 10:38