SJ WorldNews - шаблон joomla Авто

ရွှေမန်းသူ အဝေးပြေး ယာဉ်လိုင်းမှ သင်္ကြန်ကာလ အတွင်း ခရီးဝေး သွားမည့်သူများ အတွက် ကြိုတင် လက်မှတ်များကို ဧပြီ ၂ ရက်မှ စတင် ရောင်းချပေးမည်

Monday, 01 April 2019 11:56 Written by  font size decrease font size decrease font size increase font size increase font size

သယ်ယူပို့ဆောင်ရေး

သင်္ကြန်ကာလအတွင်း ရုံးပိတ်ရက်များတွင်  ပုံမှန်ပြေးဆွဲနေသည့် မော်တော်ယာဉ်လိုင်းများ  လျော့နည်းပြေးဆွဲ လေ့ရှိ သည့် အတွက် ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲများနှင့် နှစ်စဉ် တွေ့ကြုံရမြဲဖြစ်သည်။ သို့သော် ရွှေမန်းသူ အဝေးပြေးယာဉ်လိုင်းများ အနေဖြင့်  ယခုနှစ် သင်္ကြန်ရက်များအတွင်း ယာဉ်လိုင်းများ လျော့နည်းပြေး ဆွဲခြင်းမျိုး မရှိသည့်အပြင် အထူး အစီအစဉ်များဖြင့်ပါ ခရီးသွားလာမှုများပြားသော ဒေသတို့သို့  မော်တော်ယာဉ် အစီးရေ တိုးချဲ့ ပြေးဆွဲ ပေးလျက်ရှိပြီး အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ရွှေမန်းသူ အဝေးပြေး ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းဒါရိုက်တာ ဦးအောင်ကျော်မင်းနှင့်တွေ့ဆုံမေးမြန်းထားသည်ကို  ရေးသားတင်ပြလိုက်ရပါသည်။

ယာဉ်အစီးရေ ဘယ်လောက်နဲ့ ခရီးစဉ်ဘယ်နှခုကို ပုံမှန်ပြေးဆွဲပေးပါလဲ။

ကျွန်တော်တို့ ရွှေမန်းသူအဝေးပြေးခရီး သည်ပို့ဆောင်ရေးလုပ်ငန်းမှာ   ခရီးစဉ်ယာဉ် စုစုပေါင်း ၁ဝ၁ စီးရှိပါတယ်။  အဲဒီ ၁ဝ၁  စီးနဲ့  ကျွန်တော်တို့  ယာဉ်လိုင်း ၁၄လိုင်းကို  ပုံမှန်ပြေးဆွဲပေးနေပါတယ်။

ရန်ကုန်-နေပြည်တော်၊  ရန်ကုန်- ပုသိမ်၊ ရန်ကုန်- မော်လမြိုင်- ကျိုက္ခမီ၊  ရန်ကုန်-တောင်ကြီး၊   ရန်ကုန်-မုံရွာ၊   ရန်ကုန်- တောင်ငူ-ဆွာ၊   ရန်ကုန်-ပုဂံ-ညောင်ဦး- ပခုက္ကူ၊    ရန်ကုန်-ကျောက်ပန်းတောင်း- ချောက်-ဆိပ်ဖြူ၊ ရန်ကုန်-မိတ္ထီလာ၊ ရန်ကုန်-မြင်းခြံ၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်- မန္တလေး-ပြင်ဦးလွင်၊ ရန်ကုန်-မကွေး နောက်ထပ် တိုးချဲ့ထားတာက     ရန်ကုန်- မကွေး- မင်းဘူး- ရွှေစက်တော် ဒါက မတ်လထဲမှာ တိုးချဲ့ ပြေးဆွဲခဲ့တာပါ။ စုစုပေါင်း ၁၄ လိုင်းပြေး ဆွဲနေပါတယ်။

ယာဉ်ပြေးဆွဲတဲ့ အခါ ဝန်ဆောင်မှုပေးတဲ့ အပိုင်းတွေက ဘာတွေလဲ။

ကျွန်တော်တို့က  ခရီးသွားပြည်သူတွေ ယာဉ်စီးဖို့  လက်မှတ်တစ်စောင်ဝယ်တာနဲ့ လက်မှတ်ထဲမှာ အောင်သစ္စာဦးနဲ့ အထူး ခရီးသွားအာမခံ  လုပ်ပေးတာဖြစ်ပါတယ်။  လက်မှတ်တစ်စောင်ဝယ်ယူတိုင်း   အထူးခရီးသွားအာမခံ ငွေကျပ် သုံးရာ ကပါဝင်ပြီး သားဖြစ်ပါတယ်။ နောက်တစ်ခုက ယာဉ်ပေါ်မှာ ခရီးသည်အားလုံးအတွက် ထိုင်ခုံတိုင်းမှာ   သောက်ရေသန့်၊ စနိုးတာဝါနဲ့ ခြုံစောင်တစ်ထည်စီထားပေးပါတယ်။ ဒါ့ပြင် ယာဉ်ပေါ်မှာ အသံစနစ်၊ တီဗွီ ဝန်ဆောင်မှု တွေရှိပါတယ်။ ခရီးသွားမယ့် မိုင်အတို၊ အရှည်ပေါ် မူတည်ပြီး   ညအိပ်ခရီးစဉ်တွေမှာတော့ သွားတိုက်ဆေး၊  သွားတိုက်တံ ဒါတွေက  ခရီးသည်တိုင်းကိုပေးတဲ့  ဝန်ဆောင်မှုပါ။

လမ်းခရီးမှာ နာမကျန်းဖြစ်တဲ့ခရီးသည်တွေ အတွက်လည်း ရှေးဦးသူနာပြုဆေးသေတ္တာတွေ တင်ထားပေးပါတယ်။

သင်္ကြန်အတွက် ကြိုတင်လက်မှတ်တွေ ကို ဘယ်လိုရောင်းချပေးမှာလဲ။

သင်္ကြန်အတွက် ယာဉ် ၁ဝ၁ စီးစလုံးကို  On Roadဖြစ်အောင်  လုပ်ထားပါတယ်။ လက်မှတ်ခနဲ့ ပတ်သက်လို့  ကျွန်တော်တို့  ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်းလုံးဝမရှိပါဘူး။  ဂိတ်ရင်းဖြစ်တဲ့ ပါရမီလက်မှတ်အရောင်းဌာန၊  အောင်မင်္ဂလာ လက်မှတ် အရောင်းဌာန၊  ဒဂုံဧရာလက်မှတ် အရောင်းဌာနတွေရှိပါတယ်။  ဒါ့ပြင် ရန်ကုန်မြို့ထဲမှာလည်း  ကျွန်တော် တို့ရဲ့  ဂိတ်ခွဲကိုယ်စားလှယ်တွေ ရှိပါတယ်။

အလားတူပဲ ယာဉ် ၁၄ လိုင်းမှာရှိတဲ့ ဂိတ်ဖျား မြို့တွေရှိပါတယ်။ ယာဉ်အစီးရေ ၁ဝ၁ စီးနဲ့ ကျွန်တော်တို့ရဲ့လိုင်း  ၁၄  လိုင်း စလုံးကို   ဝန်ဆောင်မှုအပြည့်အဝပေးဖို့    ကြိုတင်ပြင်ဆင်ထားပါတယ်။ ကြိုတင်လက်မှတ် တွေကို ဧပြီ ၂ ရက် ကနေ ၆ ရက်အထိ  ကြိုတင်ရောင်းချရတာက ဂိတ်ရင်းဂိတ်ဖျား က ယာဉ်တွေ စနစ်တကျ အန္တရာယ်ကင်းကင်း နဲ့ စီမံနိုင် ဖို့၊ ကြိုတင်လျာထားနိုင်ဖို့အတွက် ရောင်းချခြင်းဖြစ်ပါတယ်။ ဒါကြောင့် အစောကြီးကြို မရောင်းခြင်းဖြစ်ပါတယ်။   သင်္ကြန် ကျမယ့်ရက် မတိုင်မီ   နှစ်ပတ်အတွင်းသာ  ကြိုရောင်းပေးခြင်းဖြစ်ပါတယ်။

ကြိုတင် လက်မှတ်တွေကို ဧပြီ ၂ ရက် ပါရမီလက်မှတ် အရောင်းဌာနရှေ့မှာ စတင်ရောင်းချပေးမှာပါ။ ခရီးမိုင်အတို၊ အရှည် ပေါ်မူတည်ပြီးတော့  တစ်ရက်သုံးလိုင်းစီ ရောင်းချပေးမှာပါ။ ဧပြီ ၂ ရက် နံနက် ၈ နာရီမှာ ရန်ကုန်-ပုသိမ်၊ ရန်ကုန်-ပုဂံ-ညောင်ဦး- ပခုက္ကူ၊ ရန်ကုန် - ကျောက်ပန်းတောင်း - ချောက်-ဆိပ်ဖြူ ဒီသုံးလိုင်းကို ရောင်းချပါ မယ်။ ဧပြီ ၃ ရက် နံနက် ၈ နာရီမှာ ရန်ကုန်- တောင်ငူ- ဆွာ၊ ရန်ကုန်- မြင်းခြံ- မိတ္ထီလာ၊ ရန်ကုန်- မုံရွာကို ရောင်းပေးပါမယ်။  ဧပြီ   

ရက်မှာ   ရန်ကုန်- မော်လမြိုင်- ကျိုက္ခမီ၊  ရန်ကုန်-တောင်ကြီး ဒီနှစ်လိုင်းကိုရောင်းပေးပါမယ်။ ဧပြီ ၅ ရက်မှာ ရန်ကုန်-မန္တလေး- ပြင်ဦးလွင်၊ ရန်ကုန်-မကွေး-မင်းဘူး-ရွှေစက်တော်လမ်းကြောင်းတွေ ဆက်စပ်မှုရှိတဲ့  ဒီလိုင်းကို ရောင်း ပေးမှာဖြစ်ပါတယ်။

ဧပြီ    ရက်မှာ  ရန်ကုန်-နေပြည်တော် တစ်လိုင်းပဲ ရောင်းမှာပါ။ နေပြည်တော်ကတော့ အဲဒီကာလမှာ ဟိုဘက်က ဆင်းတဲ့ သူများသလို ဒီဘက်ကလည်း သွားတဲ့သူများပါတယ်။

လူတစ်ဦးကို လက်မှတ်ဘယ်နှစောင် ရောင်းပေးမှာလဲ။

လူတစ်ဦးကို  မှတ်ပုံတင်နဲ့အတူ သုံး စောင်အထိပဲ  ရောင်းပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့  နောက်ကတန်းစီ ဝယ်ကြ တဲ့သူ တွေကို ငဲ့ညှာထောက်ထားပြီး တစ်ဦးတည်း နဲ့ အများကြီးရောင်းပေးတာမျိုးမလုပ်ပါဘူး။   မရောင်းခင်မှာလည်း လက်မှတ်အရောင်း ဌာနကို အနီးကပ်ကြပ်မတ်ရတဲ့ ပို့ဆောင်ရေးဌာန မန်နေဂျာကိုယ်တိုင် ရောင်းချမယ့် အစီအစဉ်ကို ရှင်းရှင်းလင်းလင်း အသိပေးမှာဖြစ်ပါတယ်။

အသိပေးမယ့်အချက် တွေကတော့  ဧပြီ ၁၂ရက်မှာ   ကျွန်တော်တို့  ရန်ကုန်- မန္တလေးခရီးစဉ် အတွက် ယာဉ်ဘယ် နှစီးစာ ရောင်းပေးမယ်၊ ရန်ကုန်ကနေ မော်လမြိုင်- ကျိုက္ခမီကို ဘယ်နှစီးရောင်းပေးမယ်၊   ဧပြီ ၁၂  ရက်မှာ  ဘယ်နှစီး၊  ၁၁  ရက်မှာ ဘယ်နှစီး၊ ဧပြီ ၁ဝ  ရက်မှာ ဘယ်နှစီးဆိုပြီး  အစီးအရေအတွက်နဲ့  ရောင်းချပေးမယ့် အကြောင်း        ကြိုတင် ကြေညာပေးမှာပါ။

အဲဒီနောက်   ကျွန်တော်တို့ ရောင်းချပေးမယ့် အစီးအရေအတွက်နဲ့  Sitting Plan ကိုလည်း ခရီးသည်တွေကို ကျွန်တော် တို့ ပြပါမယ်။ ကျွန်တော်တို့ရှေ့ဆုံးက စဝယ်တဲ့ ခရီးသည်  စရောင်းမယ့်ခုံရဲ့  အစဉ်လိုက်  ခုံနံပါတ်  (၄၅) အထိ တစ်စီး ကုန်ပြီးမှ သာလျှင် နောက်တစ်စီး ဖွင့်ပြီးတော့ ရောင်းပေးမှာပါ။ အဲဒီတော့ တန်းစီဝယ်တဲ့သူတွေ က  မိမိတန်းစီ ထားတဲ့ နေရာမှာ  ကျတဲ့ ခုံနံပါတ်ကို      ရသွားမှာဖြစ်ပါတယ်။  ကျွန်တော်တို့  တစ်စီးကုန်၊ တစ်စီးရောင်း စနစ်နဲ့ လုပ်ပေး မှာဖြစ်ပါတယ်။ ရောင်းတဲ့ အချိန်မှာလည်း မိုင်ရှည်လမ်းကြောင်းတွေမှာ တွဲဖက်ယာဉ်မောင်းကို ခုံနံပါတ် (၄) သတ်မှတ် ပေးထားပါတယ်။ အဲဒီခုံနံပါတ်(၄)ကို လုံးဝမရောင်းပါဘူး။ ယာဉ်မောင်းတွေ အလှည့်ကျသတ်မှတ်တဲ့  မိုင်နှုန်းပြီးရင်  လဲလှယ် မောင်းမယ့် တွဲဖက် ယာဉ်မောင်းအတွက်    ချန်ထား ပေးတာဖြစ်ပါတယ်။

တန်းစီရောင်းတဲ့နေ့မှာ ခုံနံပါတ် (၁၊၂၊၃) က သံဃာတော်တွေ အတွက် ဦးစားပေးခုံဖြစ်ပါတယ်။ အဲဒီခုံကို ကျွန်တော်တို့ က တန်းစီ ဝယ်တဲ့အချိန်မှာ  သံဃာတော်တွေအနေနဲ့  တန်းစီဝယ်တာ   မသင့်လျော်တဲ့အတွက်   ချန်ထားပေး တာဖြစ်ပါတယ်။    ဒီသုံးခုံက တန်းစီပြီးတဲ့ နောက်ပိုင်းမှာလည်း သံဃာတော် လာဝယ်ရင် ရောင်းဖို့ဆိုပြီး ချန်ထား ပေးခဲ့တာဖြစ် ပါတယ်။ အဲဒီလိုမှ  စီးနင်းမယ့် သံဃာတော်မရှိဘူးဆိုရင်တော့    ခရီးစဉ်ထွက်ခွာမယ့်နေ့နံနက်ပိုင်းမှာ အရောင်းဖွင့်ပြီးတော့  Go  Show သဘောမျိုး ရောင်းပေးမှာဖြစ်ပါတယ်။ အလားတူ ခုံနံပါတ် (၅) နဲ့ (၇)ကလည်း အဲဒီနေ့ အတွက် မဖြစ်မနေအရေးတကြီးသွားဖို့  အကြောင်းပေါ်လာသူတွေအတွက်နဲ့ ကျွန်တော်တို့ အကြောင်းအမျိုးမျိုး ကြောင့် ခုံမှား ခုံထပ်ဖြစ်လာခဲ့တဲ့ အပေါ်မှာ  အရန်အဖြစ်နဲ့   နှစ်ခုံချန်မှာဖြစ်ပါတယ်။

အဲဒီတော့  ကျွန်တော်တို့  ခြောက်ခုံအရန် ချန်ထားပြီးတော့ ကျန်တဲ့ ၃၉ ခုံကို အစီးတိုင်း အစီးတိုင်း ရောင်းပေး မှာဖြစ် ပါတယ်။

သင်္ကြန် ကာလမှာ ယာဉ်မတော်တဆမှု မရှိအောင်  ဘယ်လိုကြိုတင် ပြင်ဆင်ထားလဲ။

ယာဉ်ကြံ့ခိုင်ရေး အတွက် သင်္ကြန်မတိုင်မီ ကတည်းက ယာဉ်စစ်ဆေးမှုတွေ တောက်လျှောက်လုပ်ပါတယ်။ ယာဉ်တွေရဲ့ ကြံ့ခိုင် မှုကိုအလေးထားပါတယ်။ လမ်းမှာ ယာဉ် တွေမပျက်အောင်၊    မတော်တဆမဖြစ်အောင်  တာယာဆိုရင်  ၂၅ ရာခိုင်နှုန်း ပန်းသားအောက်လုံးဝ မသုံးပါဘူး။  ဒါတွေ မဖြစ်ရအောင်    ဂိတ်ပြန်ဝင်လာတဲ့ယာဉ် တိုင်းကို  နေ့စဉ်ယာဉ် ပြင်  စစ်ဆေးရေး ဌာနကနေ အသေးအဖွဲကစပြီးတော့ တောက်လျှောက်ပြင် ပေးနေပါတယ်။ ဒါကြောင့် အစီးရေ ၁ဝ၁ စီးစ လုံး ပြေးဆွဲနိုင်တယ်လို့ အာမခံတာဖြစ်ပါတယ်။

ယာဉ်ရဲ့  သဘောသဘာဝအရ ဘယ်လောက်ပဲ   ကြိုတင်ပြင်ဆင်ထားပေမယ့် အကြောင်းကြောင်းကြောင့် လမ်းမှာ တစ်စုံ တစ်ရာချွတ်ယွင်းမှုရှိခဲ့တယ်ဆိုရင် အနီးဆုံးနေရာကနေလိုက်ပြီး   စင်းလုံးလဲပြီးတော့ လိုက်လံ  ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။

ခရီးသွားပြည်သူတွေအတွက်  ကြန့်ကြာမှု မဖြစ်အောင်  ကျွန်တော်တို့ ထောက်ကားတွေပါ စီစဉ်ထားပါတယ်။ အဲဒီရက် တွေမှာ ဖြစ်တတ်တာတွေက   ကျွန်တော်တို့က   ယာဉ်ထွက်နိုင်ဖို့အတွက်  ဒီပါရမီယာဉ်ဝင်းထဲမှာ  ဆီဖြည့်ပြီး အားလုံးအသင့်ဖြစ်ပါတယ်။   အဲဒီရက်တွေမှာ   ရန်ကုန်မြို့ထဲမှာတင်ပဲ    လမ်းပိတ်ဆို့မှုဖြစ်တယ်။

ကျပ်တည်းမှုဖြစ်တယ်ဆိုရင် လက်မှတ်မှာ ပါတဲ့ဖုန်းနံပါတ်တွေနဲ့  ကျွန်တော်တို့ဆီကို အကြောင်းကြားပေးပါ။  ကျွန်တော် တို့က   ခရီးသည်အကြောင်းကြားတဲ့အချိန်  ရောက် နေတဲ့နေရာကိုမူတည်လို့   ယာဉ်ပေါ်မှာ  ပါလာတဲ့ ခရီးသည် တွေကို   မေတ္တာရပ်ခံပြီး စောင့်ဆိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒါ့ပြင် ကျွန်တော်တို့က ယာဉ်ပေါ်တက်ခါနီး မှာ လက်မှတ်ရုံကရောင်းလိုက်တဲ့ လက်မှတ်နဲ့ Sitting Plan တိုက်စစ်တဲ့ အလုပ်တစ်ခုလည်း ရှိပါတယ်။ ဒီအတိုင်း လက်မှတ် ဝယ်ပြီးတာနဲ့ လက်မှတ်ပြ ယာဉ်ပေါ်တက်လို့ မရပါဘူး။ ခရီးသည်ကိုယ်တိုင်ဝယ်ထားတဲ့ လက်မှတ်နဲ့  ခုံနံပါတ်မှန်၊ မမှန်ကို  Sitting Plan စစ်တဲ့ဌာနမှာ မှတ်ပုံတင်နဲ့ ထပ်ပြီး တော့ပြရပါတယ်။   အဲဒါတွေအားလုံး တိုက်ဆိုင် စစ်ဆေးပြီးမှသာ  ကျွန်တော်တို့ က  ယာဉ်ပေါ်ကို  တက်ခွင့်ပေးမှာဖြစ်ပါတယ်။

သင်္ကြန်ကာလမှာ တိုးချဲ့ပြေးဆွဲပေးမယ့် ယာဉ်လိုင်းတွေနဲ့ အချိန်တွေ ကရော။

ဧပြီ ၁၂ ရက်အထိ ကြိုတင်လက်မှတ်မရလိုက်တဲ့ခရီးသည်တွေအတွက် မုံရွာကို ဧပြီ ၁၂ ရက် နံနက် ၈ နာရီမှာ တစ်စီးထွက် ပေးပါမယ်။ နောက်မန္တလေးကို ဧပြီ ၁၃ ရက်နံနက် ၉ နာရီမှာ နှစ်စီးထွက်ပေးပါမယ်။ ရန်ကုန်-ပြင်ဦးလွင်ကို  နံနက်    နာရီ  ထွက်ပေးပါမယ်။ တစ်စီးတိုးပေးထားပါတယ်။ ရန်ကုန်-တောင်ငူ-ဆွာမှာလည်း  နံနက် ၇ နာရီတစ်စီး တိုးပေးထားပါတယ်။

နောက်  ရန်ကုန်- နေပြည်တော်မှာလည်း နံနက် ၆ နာရီခွဲတစ်စီး၊ နံနက် ၇ နာရီတစ်စီး၊  နံနက်    နာရီသုံးစီး  စုစုပေါင်း အားလုံး ငါးစီး တိုးပေးထားပါတယ်။ ပုသိမ်ကို  ဧပြီ ၁၃ ရက် နံနက် ၇ နာရီတစ်စီး၊ နံနက်  ၁ဝ နာရီတစ်စီး ထွက်ပေး မှာဖြစ်ပါတယ်။

မော်လမြိုင်ကို  နံနက်    နာရီနှစ်စီး ထပ်ထွက် ပေးထားပါတယ်။  အဲဒီတော့ ဧပြီ  ၁၂  ရက်မှာ  မရလိုက်တဲ့ခရီးသည် တွေက ဧပြီ ၁၃ ရက်မှာ   နောက်ထပ် ယာဉ် ၁ဝ စီးကျော်က ဒီနှစ်ရဲ့ အထူးအစီ အစဉ်အဖြစ် ခရီးသွား ပြည်သူတွေ အတွက်  ရွှေမန်းသူက ထပ်ဖြည့်ပြီးတော့ ဝန်ဆောင်မှု ပေးဖို့ စီစဉ်ထားပါတယ်။

ဝန်းရံခ

 

Read 39 times
Rate this item
(0 votes)
Last modified on Monday, 01 April 2019 12:01